spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ပင်လယ်ထဲငါးဖမ်းထွက်စဉ် ရေထဲမျောပါလာသည့် ရေသန့်ဗူးကို သောက်မိရာမှ အမျိုးသားနှစ်ဦးသေဆုံး

    သံဖြူဇရပ်မြို့နယ်တွင် ပင်လယ်ထဲငါးဖမ်းထွက်စဉ် ရေထဲမျောပါလာသည့် ရေသန့်ဗူးကို သောက်မိရာမှ အမျိုးသားနှစ်ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ  (၂၀၂၂ သြဂုတ် ၁၈)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်  ရသေ့တောင်ကျေးရွာတွင် သြဂုတ် ၁၆ ရက်နေ့က  ငါးဖမ်းထွက်စဉ် ရေထဲမျောနေသော ရေသန့်ဗူးတစ်ဗူးကို သောက်မိရာမှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ သေဆုံးသူအမျိုးသား ၂ ဦးမှာ ညီအစ်ကိုဖြစ်ပြီး သြဂုတ် ၁၄ ရက်နေ့က ပင်လယ်ထဲမျောနေသည့် ရေသန့်ဗူးကို အရက်ထင်မှတ်ကာ သောက်မိရာမှ စတင်ကာ နှုတ်ခမ်း မဲပြာလာပြီး (မူးဝေ၊ အော့အန်) ဝေဒနာခံစားရပြီး သံဖြူဇရပ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “သူကဆေးရုံးတက်နေတာ သုံးရက်ရှိပြီ။ မျောနေတဲ့ ရေသန့်ဗူးတစ်ဗူးကိုဆယ်ပြီး အဖုံးဖွင့်လိုက်တယ်။ သူနမ်းကြည့်လိုက်တာ အရက်ဆီအနံရနေတော့  အရက်ဗူးထင်ပြီး ကောက်သောက်လိုက်တယ်” ဟု ပြောသည်။

    ဆရာဝန် စစ်ဆေးချက်အရ အမျိုးသားနှစ်ဦးမှာ အဆိုပါ ရေကို သောက်ပြီးအချိန်ကစ၍ အူလမ်းကြောင်းမှာရှိသော အစာအိမ်များ ပျက်စီးလောင်းကျွမ်းကုန်ပြီး အကိုဖြစ်သူက သံဖြူဇရပ်မြို့နယ် ပြည်သူဆေးရုံးကြီးတွင်သေဆုံးခဲ့ကာ ညီဖြစ်သူမှာလည်း ရသေ့တောင်ကျေးရွာ နေအိမ်တွင်သေဆုံးခဲ့ရကြောင်း သိရသည်။

    သံဖြူဇရပ် ပြည်သူ့ဆေးရုံးတွင် သေဆုံးသော အမျိုးသားရုပ်လောင်းကို လူမူကယ်ဆယ်ရေးအဖွဲ့ဝင်များမှ စက်စဲကျေးရွာသို့  ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လပထမအပတ်က ကရုပ္ပိကျေးရွာတွင်လည်း အမျိုးသားတစ်ဦး ရေထဲမျောလာသည့် ရေသန့်ဗူးကို သောက်မိ၍ သံဖြူဇရပ်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

    ပင်လယ်၊ ချောင်း၊ မြောင်းများ၌ မျောပါတတ်သော အမျိုးအမည်မသိ အရာများအား မိမိသဘောဖြင့် ဆုံးဖြတ်ပြီးမသောက်သုံး သင့်ကြောင်း လူမူကယ်ရေးအဖွဲ့ဝၚ်တစ်ဦးက အသိပေးထားသည်။

    Topics; #သံဖြူဇရပ် #ပင်လယ် #ငါးဖမ်း #ရုပ်အလောင်း  #သေဆုံး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks