spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့မရဲစခန်းအား လာရောက်ပစ်ခတ်သည့်အမည်မသိ သေနတ်သမားတစ်ဦး သေနတ်ထိမှန်သေဆုံး

    သံဖြူဇရပ်မြို့မရဲစခန်းအား လာရောက်ပစ်ခတ်သည့်အမည်မသိ သေနတ်သမားတစ်ဦး သေနတ်ထိမှန်သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၁၈ သြဂုတ် ၂၀၂၂)

    သံဖြူဇရပ်မြို့မရဲစခန်းအား ဩဂုတ် ၁၇ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဆိုင်ကယ်စီးသေနတ်သမား ၄ ဦးက လာရောက်ပစ်ခတ်၍ ရဲမှပြန်လည်ပစ်ခတ်ရာ အမည်မသိသေနတ်သမားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    သေဆုံးသူအလောင်းနှင့်အတူ ခြောက်လုံးပြူးတစ်လက်၊ ကျည်ဆံနှင့်အတူ ဓါးမြောင်တစ်ချောင်း၊ Honda ဆိုင်ကယ်တစ်စီး သိမ်းယူရရှိခဲ့သည်ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    “ဆိုင်ကယ် ၂ စီး  လူ ၄ ယောက်နဲ့ ထွေအုပ်ရုံးဘက်ခြမ်းကနေ လာကြတယ်။ ရဲစခန်းရှေ့ ရောက်တော့ ရဲစခန်းထောင့် ထမင်းဆိုင်နားကနေ ကင်းသမားကိုရော ရဲစခန်းထဲရော ပစ်တယ်။ ရဲဘက်ကပြန်ပစ်တာ လာပစ်တဲ့ဘက်ကတစ်ဦးထိပြီး ပွဲချင်းပြီးသေတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

    ယင်းသို့အပြန်အလှန်ပစ်ခတ်နေစဥ် အခြား ၃ ဦး ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သံဖြူဇရပ်မြို့ဝင်ထွက်ဂိတ်များကိုလည်း လုံခြုံရေးတင်းကြပ်လိုက်ပြီး ဆိုင်ကယ်များကို အထူကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ယင်းသို့ပစ်ခတ်မှုဖြစ်ပေါ်ပြီး  မိနစ်ပိုင်းအတွင်းတွင် Thanbyuzayat Watch Facebook စာမျက်က “ ယခုအချိန်သည် တော်လှန်ရေးအရှိန်မြင့် ကာလဖြစ်သဖြင့် စစ်ကောင်စီ​၏ အုပ်ချုပ်ရေးရုံးများ၊ ရဲစခန်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ပါက မိမိ၏အသက်အန္တရာယ်ကို ထိခိုက်လာနိုင်သဖြင့် သွားလာခြင်းမပြုကြရန် နောက်ဆုံး အကြိမ်သတိပေးအပ်ပါသည်။ ကျောင်းသားမိဘများအနေဖြင့် မိမိသားသမီး၏ လုံခြုံရေးကို အာမခံနိုင်မည်မဟုတ်သဖြင့် အထူးဂရုပြုကြရန် သတိပေးလိုက်သည်” ဆိုသည့် သံဖြူဇရပ်မြို့ရှိ ပြည်သူများသို့ အထူးသတိပေးကြေညာချက်ခေါင်းစဥ်ဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

    အလားတူ ပြီးခဲ့သည့် ဇွန်လအတွင်းက TPDF နှင့် Saw Dragon အဖွဲ့တို့ပူပေါင်းပြီး မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကြားရှိ စရဖရုံးကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရန်ကြိုးစားခဲ့ရာတွင် အထမမြောက်ဖြစ်ခဲ့ပြီး ပါဝင်ကူညီပေးသူများကို သက်ဆိုင်ရာက ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။

    Topics; #သံဖြူဇရပ်မြို့ #မြို့မရဲစခန်း #သေနတ်ပစ်ခတ်  #သေဆုံး 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks