Homeသတင်းကျိုက်မရောတွင် လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

ကျိုက်မရောတွင် လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

-

မွန်သတင်းအေဂျင်စီ(၂၀၂၂ ဩဂုတ် ၁၃)

ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာရှိ ဆန်ဆိုင်တစ်ဆိုင်တွင် လက်လုပ်မိုင်း စမ်းသပ်ပြုလုပ်စဉ်ပေါက်ကွဲမှုဖြစ်ပြီး နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကြံတောကျေးရွာရှိ မွန်လေးဆန်ဆိုင်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဆိုင်ရှင် ဦးသန်းထွန်းနှင့် ဆိုင်အလုပ်သမားဖြစ်သူတို့ နှစ်ဦးလုံးနေရာမှာတင် သေဆုံးခဲ့ကြောင်း ကျိုက်မရောမှ ဒေသခံတစ်ဦးက ပြောသည်။

“အသံအကြီးကြီးကွဲသံကြားတော့ နယ်မြေခံ BGF က အရင်သွားကြည့်တယ်။ သူတို့အရင်ဆုံးရောက်တယ်။ သွားကြည့်တော့ ထိုင်ရက်နဲ့ တစ်ယောက် သေနေတယ်။ တစ်ယောက်က ဝမ်းဗိုက်တွေပေါက်ပြဲတာတွေ လက်တွေပေါက်ပြဲတာတွေ ရစရာမရှိဘူး။ ပက်လက်လန်ပြီးသေနေတယ်။ ပြီးတော့ နောက်တစ်ယောက်က ဒဏ်ရာရတာ အဲဆိုင်က အလုပ်သမားလို့ပြောတာပဲ”ဟု ၎င်းက ပြောသည်။

လက်လုပ်မိုင်း စမ်းသပ်ပြုလုပ်ရာတွင် ဘေးမှ ကူညီလုပ်ကိုင်သည့် ဆိုင်အလုပ်သမားဖြစ်သူ ကိုသန့်ဇင်မျိုးမှ ာထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ကိုသန့်ဇင်မျိုးကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှူ ခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိ ရေခဲသေတ္တာ တစ်လုံးနှင့် ဆိုင်မျက်နှာကျက်တို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အခင်းဖြစ်ပွားသည့်နေရာတွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်လုပ်မိုင်း စမ်းသပ်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူများကို ‌ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts