spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ရန်ကုန် ရထားလက်မှတ် ပြောင်းလဲသတ်မှတ်လိုက်သည့်နှုန်းထား ထုတ်ပြန်

    မော်လမြိုင်-ရန်ကုန် ရထားလက်မှတ် ပြောင်းလဲသတ်မှတ်လိုက်သည့်နှုန်းထား ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၀)

    မော်လမြိုင်-ရန်ကုန်အပါအဝင် ကြားဘူတာများတွင် စီးနှင်းလိုက်ပါမည့် ခရီးသည်များအတွက် တိုးမြှင့်‌ကောက်ခံထားသည့် လက်မှတ်နှုန်းထားများကို ထုတ်ပြန်ထားကြောင်း မြန်မာ့မီးရထား (မော်လမြိုင်)မှ သိရသည်။

    စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသောကြောင့် ရထားလက်မှတ်နှုန်းထားများကို တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့မီးရထား (မော်လမြိုင်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    လက်မှတ်နှုန်းထားများကို ဇူလိုင် ၁ ရက်နေ့က စတင်ကာ ၆၇ ရာခိုင်နှုန်းတိုးမြင့်ခဲ့သော်လည်း ဇူလိုင်လ တတိယအပတ်တွင် ပြည်သူများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ည ၈ နာရီတွင် ထွက်သော မော်လမြိုင်-ရန်ကုန် အမှတ် ၈၂ အစုန် အထူးအမြန်ရထားနှင့် ရန်ကုန်- မော်လမြိုင် အမှတ် ၈၁ အဆန် အထူးအမြန် ရထား၏ တိုးမြင့်ထားသော လက်မှတ်‌ဈေးနှုန်းသည် ရိုးရိုးတန်း ၃၅၅၀ ကျပ်၊ အထက်တန်း ၇၀၅၀ ကျပ်နှင့် အိပ်စင်ခန်း ၉၇၀၀ ကျပ် ဖြစ်ကြောင်း မြန်မာမီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။

    ထို့ပြင် မနက် ၆ နာရီခွဲ ရန်ကုန် – မော်လမြိုင် အမှတ် ၈၉ အဆန် အ မြန်ရထားနှင့် မော်လမြိုင်မှ မနက် ၈ နာရီတွင် ထွက်သော မော်လမြိုင်-ရန်ကုန် အမှတ် ၉၀ အစုန် အမြန်ရထားတို့၏ ပြောင်းလဲ သတ်မှတ်လိုက်သော ရထားလက်မှတ် နှုန်းထားများမှာ ရိုးရိုးတန်း ၃၅၅၀ ကျပ်၊ အထက်တန်း ၇၀၅၀ ကျပ်၊ ပထမတန်း ၄၅၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။

    ရထားဖြင့် ခရီးသွားခဲ့သူ တစ်ဦးက “ကြားဘူတာဆိုရင်တော့ သိသိသာသာ ဈေးတက်သွားတယ်လို့တော့ မဟုတ်ဘူး။ ဘာလို့ဆို ကားခတွေလည်းတက်နေတာပဲလေ။ ကျွန်မအတွက်ကျတော့ ရထားက ပိုအဆင်ပြေတာပေါ့”ဟု ပြောသည်။

    ယခင်နှစ်များတွင် မော်လမြိုင် – ရန်ကုန် အထူးတန်းလက်မှတ်တစ်စောင်ကို ၄၂၅၀ ကျပ် ဖြစ်ပြီး ရိုးရိုးတန်း လက်မှတ် ၂၁၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။

    Topics; #ရန်ကုန် #မော်လမြိုင် #ရထားလက်မှတ် #ဈေးနှုန်း

    Photo – မြန်မာ့မီးရထား (မော်လမြိုင်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks