Homeသတင်းရေးမြို့နယ် ဟံဂံကျေးရွာတွင် မိုးရွာသွန်းကာ ရေတက်နေ

ရေးမြို့နယ် ဟံဂံကျေးရွာတွင် မိုးရွာသွန်းကာ ရေတက်နေ

-

မွန်သတင်းအေဂျင်စီ  (၂၀၂၂ သြဂုတ် ၉)

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာတွင်  သြဂုတ် ၈ ရက်နေ့ ညနေပိုင်းတွင်  မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရေတက်လာကြောင်း သိရသည်။

နှစ်ရက်ဆက်တိုက် မိုးရွာနေပြီး ရေတက်လာကြောင်း၊ နှစ်စဉ် ရေကြီးမှု ဖြစ်ပွားကြောင်း ကြေးရှာဥက်ကဋ္ဌ ဦးနိုင်ဖိုးထူးက ပြောသည်။

“၂ ရက်ရှိပြီ။ မိုးရွာချနေတာ။ ဒီနေ့ ရေက ဒူးလောက်ရှိတယ်။ ဒီလောက်ဆို ဘာမှစိုးရိမ်မှုမရှိဘူး။  အမြဲပဲရေတက်နေတာ ရေးကြီးလာပြီးဆိုရင် အခက်အခဲတော့ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဟံဂံကျေးရွာတွင် ရေတက်လာမည်ဆိုပါက ရေဘေးဒုက္ခအတွက် လှေလုံလုံလောက်လောက်ပြင်ဆင်ထားမှုရှိပြီး ကုန်းအမြင့်ပိုင်းရှိ ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုရန် နေရာပြင်ဆင်ထားမှုရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဟံဂံကျေးရွာ ရွာလယ်ပိုင်းလမ်းမတွင် ရေ ၄ ပေ နီးပါးတတ်ခဲ့ပြီး အနိမ့်ပိုင်းများတွင် လူတစ်ရပ်နီးပါး ရေအနက်ရှိခဲ့ကြောင်း သိရသည်။

အလားတူ၂၀၂၁ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း လမ်းမအထက်တွင် ၃ ပေခန့် ရေလျှံတက်ခဲ့ကြောင်းသိရသည်။

Topics; #ရေးမြို့ #ရေကြီးမှု #ရေဘေးဒုက္ခ

ဟံဂံကျေးရွာ ရေကြီး အခြေအနေ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts