spot_img
Monday, May 6, 2024
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးဇင်းကျိုက်တွင် စိတ်ကြွဆေးပြားရောင်းချသူကို လက်နက်များနှင့် အတူ ဖမ်းဆီးရမိ

    ဇင်းကျိုက်တွင် စိတ်ကြွဆေးပြားရောင်းချသူကို လက်နက်များနှင့် အတူ ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၈)

    မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့တွင် စိတ်ကြွဆေးပြားရောင်းချနေသူကို သြဂုတ် ၇ ရက်၊ နေ့လည် ၁ နာရီဝန်းကျင်ခန့်က လက်လုပ်သေနတ်များနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဇင်းကျိုက်မြို့နယ်၊ ခလောက်အင်းရပ်ကွက် နယ်မြေ (၃) ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ နေအိမ်တွင် နေထိုင်သည့် သံပန်းလုပ်ငန်းလုပ်ကိုင်သူ ကိုနိုင်မင်းဦးကို တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ အိမ်ခန်းအတွင်း၌ စိတ်ကြွရှုးသွပ်ဆေးပြား ၅၀ ပြားကို ဖမ်းဆီးရမိခဲ့သည်။

    ထို့အတူ လက်လုပ်သေနတ် ၃ လက်နှင့် သံဘောစေ့များကို ‌သိမ်းဆည်းရမိခဲ့ကြောင်း ဇင်းကျိုက်နယ် မြေရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    “လောလောဆယ်တော့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်”ဟု ပြောသည်။

    ကိုနိုင်မင်းဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သတ်ပြီး ဆက်လက် အမှုဖွင့်ကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ အမှုနှင့် ပတ်သတ်ပြီး ဆက်စပ်အမှုကျုးလွန်သူများ ရှိ/မရှိကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဩဂုတ် ၄ ရက်က သံဖြူဇရပ်မြို့နယ် ပင စစ်ဆေးရေးဂိတ်တွင် သံဖြူဇရပ်မှ ရေးမြို့ဘက်သို့ အမျိုးသမီးတစ်ဦး‌မောင်းနှင်လာသော ယာဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ ပြား ဖမ်းမိခဲ့သည်။

    Topics; #ဇင်းကျိုက် #စိတ်ကြွဆေးပြား #လက်နက်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts