spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးဇင်းကျိုက်တွင် စိတ်ကြွဆေးပြားရောင်းချသူကို လက်နက်များနှင့် အတူ ဖမ်းဆီးရမိ

    ဇင်းကျိုက်တွင် စိတ်ကြွဆေးပြားရောင်းချသူကို လက်နက်များနှင့် အတူ ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၈)

    မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့တွင် စိတ်ကြွဆေးပြားရောင်းချနေသူကို သြဂုတ် ၇ ရက်၊ နေ့လည် ၁ နာရီဝန်းကျင်ခန့်က လက်လုပ်သေနတ်များနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဇင်းကျိုက်မြို့နယ်၊ ခလောက်အင်းရပ်ကွက် နယ်မြေ (၃) ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ နေအိမ်တွင် နေထိုင်သည့် သံပန်းလုပ်ငန်းလုပ်ကိုင်သူ ကိုနိုင်မင်းဦးကို တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ အိမ်ခန်းအတွင်း၌ စိတ်ကြွရှုးသွပ်ဆေးပြား ၅၀ ပြားကို ဖမ်းဆီးရမိခဲ့သည်။

    ထို့အတူ လက်လုပ်သေနတ် ၃ လက်နှင့် သံဘောစေ့များကို ‌သိမ်းဆည်းရမိခဲ့ကြောင်း ဇင်းကျိုက်နယ် မြေရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    “လောလောဆယ်တော့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်”ဟု ပြောသည်။

    ကိုနိုင်မင်းဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သတ်ပြီး ဆက်လက် အမှုဖွင့်ကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ အမှုနှင့် ပတ်သတ်ပြီး ဆက်စပ်အမှုကျုးလွန်သူများ ရှိ/မရှိကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဩဂုတ် ၄ ရက်က သံဖြူဇရပ်မြို့နယ် ပင စစ်ဆေးရေးဂိတ်တွင် သံဖြူဇရပ်မှ ရေးမြို့ဘက်သို့ အမျိုးသမီးတစ်ဦး‌မောင်းနှင်လာသော ယာဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ ပြား ဖမ်းမိခဲ့သည်။

    Topics; #ဇင်းကျိုက် #စိတ်ကြွဆေးပြား #လက်နက်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks