spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း NMSP ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင်စတင်ဖွင့်လှစ်

    မွန်လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း NMSP ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင်စတင်ဖွင့်လှစ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၃၁)

    မွန်လူငယ်ဆုံရပ်အဖွဲ့(MYF) မှ ဦးဆောင်ဖွင့်လှစ်ထားသည့် မွန်လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကိုဇူလိုင်လ ၂၈ ရက်က မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

    ယခုသင်တန်းတွင် သင်တန်းသား သူ ၂၇ ယောက်ခန့် တက်ရောက်သင်ကြားလျှက်ရှိပြီး မွန်လူငယ်မူဝါဒမှ ချမှတ်ထားသည့် မွန်လူငယ်စွမ်းဆောင်ရည်မြှင့်ခြင်းဆိုင်ရာ အခန်းကဏ္ဍများကို လေ့ကျင့်ပို့ချပေးသွားမည်ဖြစ်ကြောင်းသင်တန်းမှ ပြောရေးဆိုခွင့်ရှိသူ နိုင်စိစောန်ကပြောသည်။

    “ကျနော် မွန်လူငယ်မူဝါဒမှာ ချမှတ်ထားတဲ့ခေါင်းစဉ် ၁၁ ခု လောက်ရှိတယ်၊ အဲ့ဒီ ၁၁ လုံးကို သင်မှာမဟုတ်ပေမဲ့ ၈မျိုးလောက်တော့ သင်ကြားဖို့ရှိတယ်၊ လောလောဆယ် သင်တန်းသား ၂၇ ယောက်ရှိပေမဲ့ မွန်ပြည်သစ်ကနေ ထပ်ဖြည့်ပေးဖို့ရှိအုံးမယ်လို့ပြောတယ်” ဟု နိုင်စိစောန်က ပြောသည်။

    ဒါ့အပြင် ယခုသင်တန်းတွင် လူငယ်နှင့် ပညာရေး၊ နိုင်ငံရေး၊  စီမံခန့်ခွဲမှုဆိုင်ရာ၊ လူငယ်နှင့်  ခေါင်းဆောင်မူပိုင်းဆိုင်ရာ၊ စီးပွားရေး၊ ဂျန်တာ၊ လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးထိန်းသိမ်းရေးဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စသည့် ဘာသာရပ်များကို ကဏ္ဍပေါင်းစုံမှ ဆရာများနှင့် ချိတ်ဆက်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

    နိုင်စိစောန်က “သင်တန်းဖွင့်ရက်က ဇူလိုင် ၁၈ လို့ကြေညာထားတာပေါ့နော်။ ဒါပေမယ့် ကျနော်လိုင်းပေါ်မှာ တင်ထားတာကို မတွေ့ကြတာလည်းပါတယ်။ Google form မဖြည့်တတ်တာတွေလည်းပါတယ်ပေါ့၊ အဲကြောင့် ရပ်ရွာထဲက လူငယ်အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ ဆရာတော်တွေထံကနေ ကိုယ်တိုင်ချိတ်ဆက် ကမ်းလှမ်းရတာကြောင့် ရက်တွေကြာသွားပါတယ်” ဟု ဆိုသည်။

    ကာလအားဖြင်း သင်တန်းကို ၃ လတာ သင်ကြားပေးသွားမည်ဖြစ်ပြီး ခရိုင်တာဝန်ရှိသူများနှင့် မွန်လူငယ်ဆုံရပ်အဖွဲ့(MYF)မှ နေထိုင်စားသောက်ရေးအားလုံး တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသည်။

    မွန်လူငယ်ညီလာခံကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၃ ရက်တာ ကျင်းပခဲ့ကြပြီး မွန်လူငယ်မူဝါဒများအတည်ပြုခြင်းနှင့် မွန်လူငယ်ဆုံရပ်အဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks