Homeသတင်းရေးမြို့မ ရဲစခန်းပစ်ခတ်ခံရဟု သတင်းထွက်ပေါ်နေပြီး ကဗျာဝကမ်းခြေတွင်လည်း လူတစ်ဦးသေနတ်ဖြင့်သတ်ဖြတ်ခံရ

ရေးမြို့မ ရဲစခန်းပစ်ခတ်ခံရဟု သတင်းထွက်ပေါ်နေပြီး ကဗျာဝကမ်းခြေတွင်လည်း လူတစ်ဦးသေနတ်ဖြင့်သတ်ဖြတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၈)

ရေးမြို့မရဲစခန်း ယမန်နေ့ (ဇူလိုင် ၂၈ ရက်) တွင် သေနတ်ပစ်ခတ်ခံရပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းထွက်ပေါ်နေပြီး ကဗျာဝကမ်းခြေတွင်လည်း လူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရသည်။

ဒေသအခြေစိုက် ရေးဘီးလူးအဖွဲ့က မော်တော်ဆိုင်ကယ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သည့်အပြင် လက်ဗစ်ဗုံးလည်း ဗစ်ပေါက်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နဲ့ လာတယ်။ သေနတ်နဲ့ ပစ်တယ်၊ လက်ဗစ်ဗုံးနဲ့ ထပ်ပစ်တယ်။ ရဲတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာမပြင်းဘူးလို့သိရတယ်” ဟု ၎င်းက ပြောသည်။
သို့ရာတွင် ၄င်းဖြစ်စဥ်အပေါ် ရေးမြို့မရဲစခန်းသို့ မွန်သတင်းအေဂျင်စီ ဆက်သွယ်အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိသည်။ 

ထို့အပြင် ကဗျာဝကမ်းခြေ တဲကလေးတစ်ခု၌ ဖော့ကွင်းနှင့် အုန်းရည် ရောင်းချနေသူ  ဦးမိုးလင်းကို (အသက် ၄၀ နှစ်ခန့်) ဆိုသူအား ယမန်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ရေးဘီးလူးအဖွဲ့ သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။

ဒေသခံဇာတိမဟုတ်သူ ဦးမိုးလင်းကို ဆိုသူအပေါ် စစ်တပ်နှင့် ရဲသတင်းပေးဆို၍ ပစ်ခတ်ခြင်း ဖြစ်ကြောင်း သေဆုံးသူအပေါ် စွပ်စွဲပြောဆိုမှု ရှိသည်။ 
ယခုသီတင်းပတ်အတွင်း မွန်ပြည်နယ်ရှိ နစကကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ရွာသားတစ်ချို့ ဒလန်ဟုစွပ်စွဲခံရပြီး ပစ်ခတ်သတ်ဖြတ်မှုများ နေ့စဥ်ဆက်တိုက်ဖြစ်ပေါ်လာကြောင်း သတင်းများတွင် တွေ့ရှိရသည်။ 

ရေးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် ရေးဘီလူးအဖွဲ့ က စာထုတ်ပြန်ထားကြောင်း တွေ့ရသည်။

Topics; #ရေး #ရဲစခန်း #ရေးဘီးလူးအဖွဲ့ #ပစ်ခတ်မှု #သေဆုံးမှု #ရေးမြို့မရဲစခန်း #ကဗျာဝကမ်းခြေ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts