Homeသတင်းသံဖြူဇရပ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး

သံဖြူဇရပ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၈)

မော်လမြိုင် – ရေး ကားလမ်းမကြီး သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက် သာသနာ ၂၅၀၀ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီခန့်က   ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးက  ရှေ့ကားကိုကျော်တတ်ပြီး ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပိုင်ရှင်မဲ့လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုရဲမင်းထိုက်က “ကျနော်တို့ Accident ဖြစ်တဲ့နေရာရောက်တော့သူက လမ်းအလယ်မှာ ဆိုင်ကယ်ရော လူရော ကန့်လန့်ကြီးရှိနေတာ။ ခေါင်းမှာလည်းဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်။ အသက်တော့ မရှိတော့ဘူး” ဟု ပြောသည်။ 

အဆိုပါအမျိုးသားမှာ ကမာဝက်မြို့တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ယာဉ်တိုက်မှုကြောင့်  ဦးခေါင်းကွဲ၊ ဦးနှောက်ထွက်၊ မေးရိုးကျိုး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပွဲချင်းပြီး သေးဆုံးသွားခဲ့ကြောင်း သိရသည်။

ကိုရဲမင်းထိုက်က “သူက ကားကိုကျော်တာ ဟိုဘက်ကားကလည်း မလွတ်မလပ်ဖြစ်တော့ ကားနှစ်စီးကြားညှပ်ပြီး သူက ချိတ်သွားတာကားနှစ်စီးက မရပ်ဘူး” ဟု ဆက်ပြောသည်။

သေဆုံးသွားသော အမျိုးသား ရုပ်အလောင်းကို ပိုင်ရှင်မဲ့ လူမှုကယ်ဆယ်ရေးအသင်းက  သံဖြူဇရပ်ဆေးရုံ(ရင်ခွဲရုံ)သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts