Homeသတင်းမွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းဂိတ် ဗုံးပစ်ခံရ

မွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းဂိတ် ဗုံးပစ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၈)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယာဉ်အနီးရှိ မွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းဂိတ်လက်ပစ်ဗုံးဖြင့် ပစ်ခံရကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်က လက်ပစ်ဗုံးဖြင့် ရဲကင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဗုံးပစ်တာ မိုင်းမဟုတ်ဘူး။ ဗုံးပစ်ထည့်တာပေါ့။ လူအသေအပျောက်တော့ မရှိဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို  Federal Freedom UG အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ပစ်ဗုံး ထိမှန်ခဲ့သောကြောင့် မွန်ပြည်နယ် လွှတ်တော်ရုံးအရှေ့တံခါး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လွှတ်တော်ရုံး ဗုံးပစ်ခံရပြီးနောက် လုံခြုံရေးအဖွဲ့အဝင်များက လမ်းဆုံနေရာများတွင် ဆိုင်ကယ်နှင့် ကားများကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြိုအဝင်အထွက် ဂိတ်စခန်းများကိုလည်း လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ ပြလုပ်‌နေကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော်(MNA)

Topics; # မော်လမြိုင် #လွှတ်တော်ရုံး #ဗုံးပစ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts