spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရေးမြို့ တံတားဖြူဂိတ်ကို MSRO ပစ်ခတ်ခဲ့ဟုဆို

    ရေးမြို့ တံတားဖြူဂိတ်ကို MSRO ပစ်ခတ်ခဲ့ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၇)

     ရေး-ထားဝယ်မော်တော်ကားလမ်းမကြီးပေါ်ရှိ ရေးမြို့အဝင်အထွက် တံတားဖြူစစ်ဆေးရေးဂိတ်ကို ယနေ့(ဇူလိုင် ၂၇ ရက်) နံနက်ပိုင်း ၇ နာရီခန့်တွင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 


    “ဒီမနက်ပဲ ရေးတံတားဖြူဂိတ်မှာ pdf က လာပစ်သွားတယ်။ လုံခြုံရေးဂိတ်ဘက်က သေဆုံးတာ ထိခိုက်ဒဏ်ရာရတာ မကြားမိပါဘူး၊ ဒီဟာနဲ့ပတ်သက်လို့ ဆေးရုံမှာ ဘာမှမတွေ့ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။


    အရပ်ဝတ်သေနတ်ကိုင်နှစ်ဦးက အဝေးနေ၍မတ်တပ်ရပ်ကာ တံတားဖြူဂိတ်ဖက်သို့ သေနတ်ဖြင့်လှမ်းပြီးပစ်ခတ်နေပုံကို ၂၂ စက္ကန့်ကြာဗီဒီယိုဖြင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားသည်ကို တွေ့ရသည်။

    ၎င်းတိုက်ခိုက်မှုသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့နှင့်တကွ ကျဆုံးသွားသော တော်လှန်ရေး ရဲဘော်များအတွက် သွေးကြွေးဆပ်ကြောင်း MSRO ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

    ယင်းဖြစ်ခတ်မှုအပြီး ရေးမြို့အဝင်အထွက်နေရာများကို လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။ 

    ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က ရေး – ချောင်းတောင် မြစ်ကူးတံတားပေါ်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရေးဘီလူးအဖွဲ့က လာရောက်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်သေဆုံးသတင်း မကြားသိရပေ။ 

    အလားတူ ရေးမြို့နယ် အစင်ကျေးရွာတံတားထိပ်တွင် ဇွန်လ ၂၇ ရက်က ပြည်သူ့စစ် ၅ ဦးကို ရေးဘီလူးအဖွဲ့က အနီးကပ်ပစ်သတ်ပြီး သေနတ် ၃ လက် ယူဆောင်သွားခဲ့သည်။

    #ရေးမြို့ #တံတားဖြူဂိတ် #MSRO

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks