spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ် တောင်ကလေးရွာတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား

    ကျိုက်မရောမြို့နယ် တောင်ကလေးရွာတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ  (၂၀၂၂ ဇူလိုင် ၂၇)

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ တောင်ကလေးရွာတွင် ယနေ့ (ဇူလိုင် ၂၇ ရက်) နံနက် ၅ နာရီခန့်က ဗုံးနှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    တောင်ကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့တွင် မတ်တပ်ထားပြီး ဆိုင်ကယ်စီးနင်းလာသည့် အမည်မသိ အမျိုးသား နှစ်ဦးက ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနောက် ကျေးရွာမီးလင်းရေးကော်မတီဖြစ်သူ ကိုဘဲ၏ နေအိမ်ရှေ့တွင် သေနတ်နှစ်ချက် ထပ်မံ ပစ်ဖောက်သွားခဲ့ကြောင်း သိရသည်။

    “အသံကြားလိုက်မှ သိတာ ဗုံးဖောက်တယ် ။ သေနတ်အသံ (၂) ချက် ပစ်သွားတယ် လူထိခိုက်ဒဏ်ရာတော့ မရှိဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    အလားတူ ကျိုက်မရောမြို့နယ် ကမ်းနား ကိုးနဝင်းဘုန်းကြီးကျောင်းအရှေ့တွင် ယနေ့ နံနက် ၆ နာရီကျော်တွင်  ဒုတိယအကြိမ် ဗုံးထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာလည်း တောင်ကလေးကျေးရွာမီးလင်းရေးကော်မတီတို့ စီးလာသည့် ဟိုက်ဂျက်ကားကို အမည်မသိ အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ပစ်ပေါက်ခဲ့သော်လည်း ဗုံးပေါက်ကွဲမှု မရှိကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks