Homeသတင်းသဘာဝဘေးဒဏ်ကာကွယ်ရန် စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးခဲ့

သဘာဝဘေးဒဏ်ကာကွယ်ရန် စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးခဲ့

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၅)

သဘာဝဘေးဒဏ်ကာကွယ်ရန်အတွက် စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်ပြီး ကော့ကရိတ်မြို့နယ် ကော့မိတ်ကျေးရွာတွင် ဇူလိုင် ၂၄ ရက်က သစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

ယင်းကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်းအပြင် ပလတ်စတစ်အသုံးပြုလျှင် ဖြစ်လာနိုင်သည့် ဆိုးကျိုးများကိုလည်း ပညာပေးအနေဖြင့် ဟောပြောခဲ့ကြောင်း လုပ်ငန်းဦးဆောင်သူ မိဗညာထော က ပြောသည်။

“အခုလို သစ်ပင်စိုက်တာဟာ အရင်ဦးဆုံး သဘာဝဘေးဒဏ်ကာကွယ်ဖို့ရယ်၊ နောက်တစ်ခုက သန့်ရှင်းဝန်းကျင် စိမ်းလန်းလျှင် လူမှုဝန်းကျင်ပြုံပျော်ရွှင်ဖို့ စိုက်လာတာရယ်။ ပြီးတော့ သစ်ပင်စိုက်တာ သာမက ပလတ်စတစ်အသုံးပြုရင် ဘယ်လိုဆိုးကျိုးတွေရှိလာလဲ။ ပလတ်စတစ်သုံးရင်လဲ ဘယ်လိုအခြေအနေ သုံးရမလဲဆိုတဲ့အရာတွေ ပညာပေးအနေဖြင့် ပြောသွားတာရှိတယ်” ဟု ဆိုသည်။

ကော့ကရိတ်မြို့နယ် ကော့ဗိန်း၊ ကော့ပေါက်၊ ကော့မိတ်၊ ကော့ကျိုက်၊ ကမ်းနီ စသည့်  ကျေးရွာ ၈ ရွာမှ လူငယ်များနှင့် မွန်ပြည်သစ်ပါတီ (NMSP) သထုံခရိုင်နှင့် သစ်တောဦးစီးဌာနတို့ ပူပေါင်းပါဝင် စိုက်ပျိုးခဲ့ကြကြောင်း၊ အလားတူ မုဒုံမြို့နယ်နှင့် ရေဖြူမြို့နယ်တွင်လည်း စိုက်ရန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ စိုက်ပျိုးကြရာတွင် ဒေသခံများ၏ တောင်းဆိုချက်အတိုင်း မဟောဂနီပင်၊ ကျွန်းပင်နှင့် ပိတောက်ပင် အပင်အရေအတွက် ၇၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးခြင်းသည် ပထမ ဦးဆုံးအကြိမ် စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts