spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် NLD ပါတီအလုပ်အမှုဆောင်ဝင် ဦးမင်းအောင်နှင့် ပါတီတက်ကြွလှုပ်ရှားသူတို့ နေအိမ် ၃ လုံး ချိပ်ပိတ်ခံရ

    သံဖြူဇရပ်မြို့နယ် NLD ပါတီအလုပ်အမှုဆောင်ဝင် ဦးမင်းအောင်နှင့် ပါတီတက်ကြွလှုပ်ရှားသူတို့ နေအိမ် ၃ လုံး ချိပ်ပိတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၄)

    သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီပါတီ (NLD) အလုပ်အမှုဆောင်ဝင် ဦးမင်းအောင်အပါအဝင် ပါတီတက်ကြွလှုပ်ရှားသူတို့၏ နေအိမ် ၃ လုံး ဇူလိုင် ၂၁ ရက်နေ့က ချိပ်ပိတ်ခံခဲ့ရကြောင်း သိရသည်။

    ကျုံကဒတ်ကျေးရွာရှိ ဦးမင်းအောင်၏ နေအိမ်နှင့် တက်ကြွလှုပ်ရှားသူများဖြစ်သည့် သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်နေ ဦးရဲလင်းထွန်းနှင့် ကြံခိုင်ရေး ရပ်ကွက်နေ ဦးပိုင်စိုး ၃ ဦးသည် အကြမ်းဖက် အဖွဲ့အစည်း နှင့် ပတ်သက်နေ‌သောကြောင့် နေအိမ်များကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်း၍ ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု နစကအာဏာပိုင်ဘက်က ပြောကြားခဲ့ကြောင်း NLD ပါတီဝင်တစ်ဦးက ပြောသည်။

    “အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်နေတဲ့အတွက် ဒီအိမ်ကို သူတို့ လာပြီး ချိပ်ပိတ်ရတာပါလို့ ပြောတယ်။ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းတာမို့ ဘယ်သူမှ နေလို့မရဘူးပေါ့။ စာလည်း ကပ်သွားတယ်”ဟု ၎င်းက ပြောသည်။

    ဦးမင်းအောင်၏ နေအိမ်ကို လာရောက် ချိပ်ပိတ်စဉ် အိမ်ပေါ်တွင် နေထိုင်နေသော ညီမဖြစ်သူနှင့် အတူ မိသားစုဝင်များကို နေအိမ်မှ ချက်ချင်းပေးဆင်းခိုင်းခဲ့ကြောင်း သိရသည်။

    နေအိမ် ချိပ်ပိတ်ခံရသည့် ဦးမင်းအောင် အပါအဝင် သုံးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ အပြင် အကြမ်းဖက် ဥပဒေများဖြင့် အမှုဖွင့်ခံထားထားကြောင်း အထက်ပါ NLD အဖွဲ့ဝင်က ဆိုသည်။

    အလားတူ မွန်ပြည်နယ် NLD ပါတီဥက္ကဌ ကျိုက်ထိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာခင်ဆောင်၏နေအိမ်နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးဇော်ဇော်ထူး၏ နေအိမ်၊  ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒေါ်သီရိရတနာ၏ နေအိမ် ၂ လုံး ၊ ရေးမြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မိုးအေး၏ နေအိမ်အသီးသီးတို့အား ၄င်းတို့က အကြမ်းဖက်အဖွဲ့ အစည်းနှင့် ဆက်စပ်သည်ဟုဆိုကာ နစကအာဏာပိုင်များက ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

    ချိပ်ပိတ်ခံထားရသော NLD ပါတီဝင်တစ်ဦးနေအိမ် (မှတ်တမ်းဓါတ်ပုံ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks