spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရန်ကုန်-မော်လမြိုင် အစုန်-အဆန် ရထားနှစ်စင်း တိုးချဲ့ပြေးဆွဲမည်

    ရန်ကုန်-မော်လမြိုင် အစုန်-အဆန် ရထားနှစ်စင်း တိုးချဲ့ပြေးဆွဲမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၃)

    ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ် (၈၁) အဆန် အမြန်ရထားနှင့် မော်လမြိုင်-ရန်ကုန် အမှတ် (၈၂) အစုန်အမြန်ရထား အစုန်-အဆန်အမြန် ရထား၂ စင်းကို မနက်ဖြန် ဇူလိုင် ၂၅ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာမီးရထား(မော်လမြိုင်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    လက်ရှိ မော်လမြိုင် ဘူတာကြီး၌ နံနက် ၈ နာရီ မော်လမြိုင်-ရန်ကုန်နှင့် ည ၆ နာရီမှာ ရန်ကုန်- မော်လမြိုင် နှစ်စီးသာ ပြေးဆွဲလျက်ရှိပြီး အသစ်တိုးချဲ့ပြေးဆွဲမည့် ရန်ကုန် – မော်လမြိုင် အမှတ် (၈၁) အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ မော်လမြိုင်သို့ နံနက် ၆ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။

    ထို့အတူ အမှတ် (၈၂) အစုန်အမြန်ရထားသည်လည်း မော်လမြိုင်မှ ည ၈ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks