Homeသတင်းရန်ကုန် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ မွန်ရိုးရာအကသင်တန်းဖွင့်လှစ်

ရန်ကုန် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ မွန်ရိုးရာအကသင်တန်းဖွင့်လှစ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၈)

ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှုကောာ်မတီ ဦးဆောင်ပြီး အပတ်စဥ်သင်ကြားသွားမည့် မွန်ရိုးရာ အကသင်တန်းကို ယမန်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

မွန်ရိုးရာသင်တန်းကို ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ရွှေတိဂုံဘုရားလမ်းရှိ မွန်ဓမ္မာရုံ၌ အပတ်စဥ် တနဂႅနွေနေ့တိုင် သင်ကြားပေးလျက်ရှိပြီး လက်ရှိတွင် သင်တန်းသားဦးရေ  ၃၀ ကျော် တက်ရောက်နေကြောင်း မွန်ရိုးရာအကသင်တန်း တာဝန်ရှိသူ မိအောင်ပွိုင်းက ပြောသည်။

“လောလောဆယ် သန်တန်းဖွင့်ပွဲဆိုတော့ သင်တန်းသာ ၃၀ ကျော်တော့ရှိတယ်၊ ဒီနေ့မှာ မမှီလိုက်ပေမဲ့ ထပ်လာဖို့တော့ရှိတယ်၊ အရင်ဦးဆုံးကတော့ အခြေခံအက အဆင့် ၁ ကိုပဲ သင်သွားဦးမယ်။ အတီးအမှုတ်ပိုင်းတွေက မပါသေးဘူး” ဟု ၎င်းက ပြောသည်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းကာလ ၂ လတာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ယဉ်ကျေးမှုတက္ကသိုလ်မှ နည်းပြတွေအပြင် ဝါရင့်မွန်အကဆရာများကလည်း လာရောက်သင်ကြားပေးလျက်ရှိပြီး သင်တန်းရက်တွင် နေထိုင်စားသောက်ရေးအပြင် လမ်းစရိတ်ပါ တာဝန်ယူထောက်ပံ့ပေးလျက်ရှိကြောင်း ရန်ကုန်မြို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဒေါက်တာမင်းခင်စိန်က ပြောသည်။

“အဓိက ကိုယ့််မွန်အကတွေကို ထိန်းသိမ်းဖို့ ရန်ကုန်မြို့ပေါ်က မွန်လူမျိုးတွေ ကိုယ့်ယဉ်ကျေးမှုကို ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ရည်ရွယ်တာပေါ့နော်၊ ပြီးတော့ ဒီသင်တန်းပြီးသွားတဲ့ ကလေးတွေကို ကျနော်တို့ အနှစ် ၅၀ ပြည့် ရွှေရတုကျရင် ပွဲထုတ်သွားမှာပါ” ဟု ပြောသည်။

ရန်ကုန်မြို့ မွန်စာပေယဉ်ကျေးမှုကော်မတီ၏ အနှစ် ၅၀ ပြည့် ရွှေရတုသဘင်အခမ်းအနားကို လာမည့်အောက်တိုဘာလအတွင်း ကျင်းပသွားရန်စီစဥ်လျက်ရှိပြီး ကျင်းပမည့်နေရာကိုလည်း ဆက်လက်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts