Homeသတင်းဘီးလင်းမြို့နယ်တွင် ဟိုက်ဂျက်ကား တိမ်းမှောက် ၅ ဦး သေဆုံး

ဘီးလင်းမြို့နယ်တွင် ဟိုက်ဂျက်ကား တိမ်းမှောက် ၅ ဦး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၈)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ သံတံတားအနီးတွင် ယနေ့ (ဇူလိုင် ၁၈ ရက်) တွင် ဟိုက်ဂျက်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်မှ ကျိုက်ထိုမြို့သို့ မောင်းနှင်လာသော ဟိုက်ဂျက်ကားသည် သံတံတားအနီးတွင် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောကြောင့် တိမ်းမှောက်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလူးကနေ ကျိုက်ထိုကို ရက်လည် တရားနာ အလှူသွားကြတာ။ ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်တာပါ” ဟု ၎င်းက ပြောသည်။

ယာဉ် တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့အတူ ၆ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ပြင်းထန်ဒဏ်ရာ ရရှိသူ ၆ ဦးအနက် ၃ ဦးမှာ စိုးရိမ်ရအခြေအနေ ဖြစ်သောကြောင့် ရန်ကုန်နှင့် သထုံ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျန် ၃ ဦးကို ဘီးလင်းမြို့နယ် ဆေးရုံတွင် စောင့်ကြည့်ကာ ဆေးကုသပေးနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts