spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    ဘီးလင်းမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၇)

    မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာထိပ်တွင် ဇူလိုင် ၁၆ ရက် ည ၈ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ ပစ်ခတ်မှုမှာ ညဘက်ဖြစ်နေသည့်အတွက် မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ကို မသိရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “သေနတ်ပစ်သံကြားတယ်။ သွားမကြည့်ရဲကြဘူး။ သေနတ်ပစ်တာ တစ်ချက်ထဲမဟုတ်ဘူး။ ၅ ချက်လောက်ရှိတယ်။ သေနတ်ပစ်ပြီးတော့ ဖောက်ခွဲထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

    သေနတ်ပစ်ခံရပြီး သေဆုံးသွားတဲ့အမျိုးသားမှာ အသက် ၃၀ ရှိ ဦးမြတ်ကျော် ဖြစ်ပြီး အလူးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ အမည်မသိ သေနတ်သမားက လာရောက်ပစ်ခဲ့ခြင်းဖြစ်ကာ ရင်ဘတ်အနားတစ်ဝိုက်တွင် သေနတ်ဒဏ်ရာ (၅) ချက် ပစ်ခံခဲ့ရကြောင်း သိရသည်။

    သေဆုံးသူ ဦးမြတ်ကျော်၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းတွင် ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဘီးလင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    အလားတူ သထုံမြို့ လေယာဥ်ကွင်းဟောင်းအနီး၌ ယနေ့နံနက်စောစောပိုင်းက ညာချိုစောင်းကွဲဒဏ်ရာဖြင့်သေဆုံးနေသည့် အမည်မသိအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီး ပါရမီနာရေးကူညီမှုအသင်းကားဖြင့် သထုံမြို့နယ် ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

    ဘီးလင်းမြို့နယ်အတွင်းတွင် စစ်တပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ လှုပ်ရှားလျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks