Homeသတင်းသထုံမြို့တွင် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

သထုံမြို့တွင် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၇)

မွန်ပြည်နယ်၊ သထုံမြို့ရှိ လေယာဥ်ကွင်းဟောင်း ညောင်ပင်အနီး ချုံကြားတွင် ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း လူမူကူညီရေးအသင်းထံက သိရသည်။

အကြင်နာတွဲလက်ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက “မနေ့က သူတစ်ယောက်ထဲ လမ်းလျှောက်နေတာ တွေ့တယ်လို့ ပြောတယ်။  ဒီနေ့တော့ သူ့ဘေးနားက တစ်လမ်းကျော်မှာ သူ့ဖိနပ်ကိုတွေ့တယ်။ ခေါင်းညာဘက်မှာတော့ ဘုရုံပဲရှိတယ်။ ခေါင်းဘယ်ဘက် နောက်ဆင့်ကျတော့ ပေါက်သွားတယ်” ဟု ပြောသည်။

ဦးခေါင်းထိခိုက်ဒဏ်ရာဖြစ် သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၂၅ နှစ်ရှိ ကိုသူရိန်ဝင်းဖြစ်ပြီး သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ကိုသူရိန်ဝင်းမှာ သထုံမြို့ အကျဉ်းထောင် ဦးစီးဌာနတွင် အစိုးရ ဝန်ထမ်းဖြင့် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို  ပါရမီနာရေးကူညီမှုအသင်း ကားဖြင့် သထုံပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts