spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ရော်ဘာကုန်ကြမ်းပြတ်လပ်၍ ပြည်ပတင်ပို့မှု ရပ်နား

    မွန်ပြည်နယ်အတွင်း ရော်ဘာကုန်ကြမ်းပြတ်လပ်၍ ပြည်ပတင်ပို့မှု ရပ်နား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၅)
    မွန်ပြည်နယ်အတွင်း ရော်ဘာကုန်ကြမ်း ပြတ်လပ်လာသောကြောင့် ပြည်ပတင်ပို့မှု ရပ်ထားရကြောင်း ရော်ဘာလုပ်ငန်းရှင်များထံက သိရသည်။
    ပြီးခဲ့သည့် ဇွန်လအတွင်းက ပြည်ပနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံမှ ရော်ဘာ ဝယ်ယူမှု မြင့်တက်လာသောကြောင့် ပြည်တွင်း၌ RSS 1 ရော်ဘာကုန်ကြမ်း ပြတ်လပ်သွားကြောင်း ရော်ဘာလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
    “မလေးနဲ့ ထိုင်းက ဆက်တိုက်ကို ဝယ်နေတာ။ RSS 1 မရှိတော့ Local တွေ ကိုပါ ဝယ်တယ်။ အခုဆို ပြည်တွင်းမှာ ကုန်ကြမ်းပြတ်တော့ အရောင်းအဝယ် ခဏရပ်နေကြရတာပေါ့”ဟု ၎င်းက ပြောသည်။
    သိုလှောင်ထားသော ရော်ဘာကုန်ကြမ်းများအပြင် တောင်သူများလက်ထဲတွင် ကုန်ကြမ်း ပြတ်လပ်နေသောကြောင့် အရောင်းအဝယ်ရပ်ထားရကြောင်း ၎င်းက ပြောသည်။
    ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်မှ စတင်ကာရော်ဘာဈေးနှုန်း မဖွင့်ဘဲ အရောင်းအဝယ် ရပ်နားထားကြောင်း သိရသည်။
    မိုးတွင်းကာလဖြစ်သော ဇွန်၊ ဇူလိုင် နှင့် ဩဂုတ်လသည် ရော်ဘာလုပ်ငန်း ရပ်နားကြသည့် ကာလဖြစ်ကြောင်း ရော်ဘာတောင်သူ တစ်ဦးက ပြောသည်။
    “ဒီကာလတွေမှာတော့ အကုန်လုံးနားကြတယ်။ စက်တင်ဘာကနေ မေအထိ အစေးတွေ ခြစ်တယ်။ ရောင်းတယ်။ သိုလှောင်တယ်ပေါ့။ အခုက အစေးမခြစ်တဲ့ ကာလပေါ့။ သိုလှောင်ထားတာတွေလည်း ကုန်နေပြီဆိုတော့ အရောင်းအဝယ်က ရပ်ကြပြီပေါ့”ဟု ၎င်းက ပြောသည်။
    လာမည့် စက်တင်ဘာလမှ စတင်ကာ ရော်ဘာဈေးကွက် ယခင်အတိုင်း ပြန်လည် လည်ပတ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
    လက်ရှိတွင် ရော်ဘာ ကုန်ကြမ်း ပြတ်လပ်နေသောကြောင့် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှ ဝယ်ယူမှု ရပ်နားထားသည့်အပြင် ပြည်တွင်းမှ ကုမ္ပဏီများကလည်း ဝယ်ယူမှု မရှိသေးကြောင်း သိရသည်။
    မွန်ပြည်နယ်မှ ထွက်ရှိသော ရော်ဘာကုန်ကြမ်းများကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ဝယ်ယူမှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
    မြန်မာတနိုင်ငံလုံး ရေ်ဘာ ထုတ်လုပ်မှု၏ ၄၉ ရာခိုင်နှုန်းသည် မွန်ပြည်နယ်မှ ထွက်ရှိနေပြီး တနှစ်လျှင် ရေ်ဘာ တန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts