spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိ၍ မဖြစ်မနေ Mask တပ်ဆင်ကြရန် တိုက်တွန်း

    မြန်မာနိုင်ငံတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိ၍ မဖြစ်မနေ Mask တပ်ဆင်ကြရန် တိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၄)

    မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ် မျိုးကွဲ အိုမီခရွန်၏ ဗီဇပြောင်း ရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိထားသောကြောင့် မဖြစ်မနေ Mask တပ်ဆင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

    မွန်ပြည်နယ်အတွင်းမှ ပြည်သူများအနေဖြင့် ပေါ့ဆမနေဘဲ အပြင်ထွက်တိုင်း Mask မဖြစ်မနေ တပ်ဆင်ကြရန် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    “အခုက မပေါ့ဆသင့်တော့ဘူးပေါ့။ မြန်မာနိုင်ငံမှာ တွေ့ပြီဆိုထဲက ကြိုတင်ကာကွယ်ရတော့မယ်လေ။ အဲတော့ ပြည်သူတွေက လူစုလူဝေးကို မလုပ်ကြဖို့နဲ့ အပြင်ထွက်တိုင်း ဘယ်ကိုပဲ သွားသွား mask ကို မဖြစ်မနေ တပ်ကို တပ်ကြဖို့ တိုက်တွန်းချင်တယ်”ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ဇွန် ၃၀ ရက်တွင် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၁၆ ခုကို စစ်ဆေးကြည့်ရာ အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ဖြစ်သည့် BA.4 နှင့် BA.5 ကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

    ထို့ပြင် နေမကောင်းဖြစ်ပါက လူအများနှင့် ထိတွေ့ခြင်း၊ လူများကြားထဲ mask မတပ်ဘဲ သွားလာနေခြင်းများ မပြုလုပ်ရန်နှင့် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူများလည်း ကာကွယ်ဆေးလာရောက် ထိုးကြရန် တိုက်တွန်းလိုကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    အိုမီခရွန်၏ မျိုးရိုးဗီဇပြောင်း ရောဂါပိုး တွေ့ရှိသူ ၆ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ၎င်းတို့ ၆ ဦးကို သီးခြားထားရှိကာ ဆေးကုသမှု ပေးနေပြီး ရောဂါပျောက်ကင်းပြီး သတ်မှတ်ရက်ပြည့်မှသာ ‌ဆင်းခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

    ပြည်ပမှ ပြန်လာသူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှု ခံယူကာ Quarantine ဝင်ဖို့ လိုကြောင်း မော်လမြိုင်မှ ကို‌ဗစ်အရေးကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

    “တရားဝင်လမ်းကြောင်းက ပြန်လာတဲ့သူတွေကိုကျတော့ ကျန်းမာရေးစစ်တယ်။ Q ဝင်ခိုင်းတယ်ပေါ့။ ခိုးလမ်းက ပြန်လာတဲ့သူတွေကိုကျတော့ မသိနိုင်ဘူး။ အဲတော့ အိမ်ကလူတွေ၊ ရပ်ကွက်လူတွေက သိဖို့လိုတယ်။ သက်ဆိုင်ရာလူကြီးတွေကို ပြောဖိူ့လိုတယ်။ သူတို့က ကျန်းမာရေးစစ်ဆေးမှု ခံကို ခံယူရမယ်”ဟု ၎င်းက ပြောသည်။

    တရားမဝင် ဝင်ရောက်လာသူများကြောင့် ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်စေရန်အတွက် ပူးပေါင်းကူညီကြရန် ၎င်းက ဆက်ပြောသည်။

    ဇူလိုင်လအတွင်း ကိုဗစ်ရောဂါပိုးအပြင် အိုမီခရွန်မျိုးကွဲ ဗီဇပိုး တွေ့ရှိထားသူ ၁၃၀ ကျော်ထိ ရှိလာပြီး အတည်ပြုလူနာ ၁၀၀ ကျော်သည် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks