spot_img
Sunday, February 23, 2025
More
    spot_img
    Homeမေးမြန်းချက်မွန်စာပေဘတ်ဂျက်ရေးဆွဲဖို့လိုအပ်တယ်-ကရင်ပြည်နယ် မွန်စာပေယဥ်ကျေးမှုကော်မတီ ဥက္ကဌမင်းဇော်မင်းဦးနှင့် ဆက်သွယ်မေးမြန်းချက်

    မွန်စာပေဘတ်ဂျက်ရေးဆွဲဖို့လိုအပ်တယ်-ကရင်ပြည်နယ် မွန်စာပေယဥ်ကျေးမှုကော်မတီ ဥက္ကဌမင်းဇော်မင်းဦးနှင့် ဆက်သွယ်မေးမြန်းချက်

    -

    မွန်သတင်းအေဂျင်စီ အင်တာဗျူး (၁၂ ဇူလိုင် ၂၀၂၂)

    မွန်စာပေသင်ကြားနေသည့် အစိုးရစာသင်ကျောင်းများတွင် ကျောင်းသုံးမွန်ဖတ်စာအုပ်များ မွန်ပြည်နယ်တွင် မလုံမလောက်ဖြစ်နေသော်လည်း ကရင်ပြည်နယ်အတွက် အခက်အခဲသိပ်မရှိကြောင်း သိရပါသည်။ ထို့ကြောင့် မွန်စာပေသင်ကြားရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ် မွန်စာပေနှင့်ယဥ်ကျေးမှုကော်မတီ ဥက္ကဌ မင်းဇော်မင်းဦးကို မွန်သတင်းအေဂျင်စီသတင်းထောက် ယဥ်ထောမွန် မွန်ဘာသာဖြင့်ဆက်သွယ်မေးမြန်းခဲ့ပြီး မြန်မာဘာသာသို့ ပြန်ဆိုထားသည်။  


    မေး။  ။ ကျွန်မတို့ မွန်ပြည်နယ်ဘက် အစိုးရကျောင်းတွေမှာ မွန်စာသင်ဖို့ မွန်ဖတ်စာအုပ်တွေက မရှိဘူးဖြစ်နေတယ်၊ ဆရာတို့ကရင်ပြည်နယ်ဘက်မှာ ဘယ်လိုရနေလဲ၊ မွန်စာအုပ်နဲ့ပတ်သတ်ပြီး ဘယ်လိုတွေဆောင်ရွက်နေလဲ။

    ဖြေ။  ။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာဆိုရင် ဥပမာပေါ့နော် ၂၀၂၂-၂၀၂၃ ဘက်ဂျက်ရေးဆွဲတဲ့အခါမှာ မွန်ဖတ်စာအုပ် ပထမတန်း ဒုတိယတန်း တတိယတန်းအတွက်ဆိုပြီး  အပြီးဆွဲထားတယ်။ ကရင်ပြည်နယ် ပညာရေးမှူးရုံးက ကျောင်းသားစာရင်းတွေအတိုင်း G-1 ဘယ်လောက် G-2  ဘယ်လောက်  G-3 ဘယ်လောက် အဲ့စာရင်းအတိုင်း Focus လုပ်ပြီး မွန်ဖတ်စာအုပ်အတွက် ၂၀၂၂-၂၀၂၃  ဘက်ဂျက်မှာဆွဲထားတယ်။ ကျွန်တော်တို့က အခုတင်ဒါပေးပြီးသွားပြီ၊ ဒီလမကုန်ခင်မှာ စာအုပ်က ကျွန်တော်တို့ ကရင်ပြည်နယ်အတွက် ရမှာပါ။ အမှန်တကယ်ပြောရရင် လိုင်းပေါ်မှာလည်းတွေ့နေတာပေါ့နော်  မွန်စာသင်နေတဲ့ကျောင်းသားတွေအတွက် အစိုးကျောင်းမှာ သင်ဖို့ မွန်စာအုပ်ကိစ္စက အစိုးရမှာ တာဝန်ရှိတာကတော့ မှန်တယ် ဒါပေမယ့် ဘက်ဂျက်က ကိုယ်ဘာလုပ်မလဲ ဘာလိုအပ်လဲဆိုတာ အပြီးဆွဲထားရမှာလေ၊ ဥပမာ မွန်စာပေနဲ့ ယဉ်ကျေးမှုဖွဲ့က ၂၀၂၂-၂၀၂၃ ခုနှစ် ဘတ်ဂျက်အတွက် ဘာတွေရေးဆွဲရမလဲ ကျွန်တော်တို့ အစိုးကိုတင်ပြမှ သူတို့ကသိနိုင်မှာလေ၊ မွန်စာပေဘတ်ဂျက်ရေးဆွဲဖို့လိုအပ်တယ် ဒီမွန်စာပေဘတ်ဂျက်က အစိုးရအလုပ်မဟုတ်ဘူးလေ ကျွန်တော်တို့အလုပ်ပါ ၊ အဲ့ကြောင့် ကျွန်တော်တို့အလုပ်ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ဥပမာ ကျောင်းဖွင့်လို့ စာအုပ်မရှိဘူးဆိုရင် စာအုပ်အတွက်၊ အမျိုးသားနေ့ဆိုရင် အမျိုးသားနေ့အတွက်၊ မွန်ဆရာ ဆရာမ စွမ်းရည်မြှင့် သင်တန်းအတွက်ဆို သင်တန်း အဆင့်ဆင့် ရေးဆွဲထားဖို့လိုမယ်၊ ဘက်ဂျက်ဆွဲတဲ့နေရာမှာလည်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မတူဘူး၊ ဘယ်လိုမတူလဲဆိုတာ ကျွန်တော်လည်း မပြောချင်တော့ဘူး ၊ ပိုင်းခြားထားရမယ်လေ ဒါကစာအုပ်အတွက်၊ ဒါကအမျိုးသားနေ့အတွက်၊ ဒါသင်တန်းအတွက် အဲလိုခွဲထားရမယ်၊ စာအုပ်က အစိုးရမှာတာဝန်ရှိတယ်လို့ ပြောတယ်၊ မှန်တယ် ဒါပေမယ့် ကျွန်တော်တို့က သူ့အပိုင်းနဲ့သူ ဘက်ဂျက်ဆွဲထားရမယ် အဲတာမှ သူတို့သိနိုင်မယ်၊ သူတို့မှာတာဝန်ရှိတယ်ဆိုပေမယ့် အလုပ်ကကျွန်တော်တို့အလုပ်လေ၊ အဲတာကြောင့် ၂၀၂၂ အတွက် ရိုက်ရမယ့်ပုံနှိပ်စာအုပ်တွေကို တင်ဒါပေးထားပြီးပြီ ၊ ဒီလမကုန်ခင် အကြာဆုံး ဇူလိုင်လ တတိယအပတ်လောက် မွန်ကျောင်းသားတွေရဲ့ လက်ထဲကိုရောက်လာမှာပါ။ ဒါက ဒီနှစ်အတွက်ပါ၊ အကယ်လို့ နောက်နှစ်တွက်ဆိုရင် ဒီနှစ်ဘက်ဂျက်ဆွဲရမယ်ဆို တစ်ခါတည်းဆွဲထား၊ ကျွန်တော်တို့က နှစ်တိုင်းရေးဆွဲရပါတယ်။

    မေး။   ။ ဒီလိုစာအုပ်တွေ ထုတ်ဝေတောင်းဆိုတာနဲ့ပတ်သတ်ပြီးတော့ ဘာတွေ အခက်ခဲရှိသေးလဲ။

    ဖြေ။    ။မရှိပါဘူး၊ မရှိဘူးဆိုတာက ဒီလိုပေါ့နော် ဒီနှစ်အတွက်ကို ဘက်ဂျက်ရေးဆွဲထားပြီးပြီ ၊ ရှေ့နှစ်အတွက်ဆိုရင်လည်း မွန်ဆရာ ဆရာမတွေအနေနဲ့ ဘာတွေလိုအပ်နေလဲ၊ လိုအပ်နေတာတွေကို ပြန်ဆွဲပြီးရင်လည်း ရှေးနှစ်အတွက်ဆို ဘတ်ဂျက်ကျလာမှာပေါ့။

    မေး။    ။ ဆရာတို့ကရင်ပြည်နယ်မှာ မွန်ဖတ်စာအုပ်ထုတ်ဝေတဲ့အခါမှာ အစိုးအဖွဲ့အစည်းတစ်ခုကပဲ ထောက်ပံ့ရနေတာလား၊ အခြားဘယ်အဖွဲ့အစည်းတွေကများ ဝိုင်းဝန်းထောက်ပံ့ ပေးနေတာရှိလဲ။

    ဖြေ။   ။ ကျွန်တော်တို့က အစိုးကဘက်ဂျက် တစ်ခုတည်းနဲ့သွားနေတာပါ၊ အခြားတော့မရှိပါဘူး ရန်ပုံငွေလည်းမရှိဘူး၊ အစိုးရကို တင်ပြထားတဲ့ဟာတွေနဲ့ပဲ လည်ပတ်နေတာ၊ တခြားတော့ ဘာမှမလုပ်ပါဘူး၊ မလုပ်တာလည်းမဟုတ်ပါဘူး ကျွန်တော်တို့ဆီမှာ အင်အားသိပ်မှမရှိတာ။ ငွေတွေလည်း သိပ်မရှိဘူးလေ ကရင်မှာက။

    မေး။   ။ဆရာ့အမြင် မွန်ပြည်နယ် မွန်ဖတ်စာအုပ်တွေနဲ့ပတ်သတ်ပြီး အခက်ခဲဖြစ်နေရတာ ဘာကြောင့်လို့ ဆရာထင်လဲ။ ဘာတွေ အကြံပြုချင်လဲ။

    ဖြေ။   ။ ကျွန်တော်အရမ်းအကြံပြုချင်တာက ဘက်ဂျက်ဆွဲတဲ့အချိန်မှာ မွန်စာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းအတွက်ကို မပါ ပါအောင်ထည့်ရေးပါ ၊ ကျွန်တော်သိရသလောက်ပေါ့နော် မွန်ဘက်ဂျက်ဆွဲထားတဲ့ သိန်းတစ်ထောင်မှာဆိုရင် တစ်ခါတည်း ထုတ်လိုက်တာနဲ့ ကုန်သွားရော မွန်အမျိုးသားနေ့အတွက်ဘယ်လောက် မွန်နွေရာသီစာပေအတွက် ဘယ်လောက်ဆိုပြီး ဒီနှစ်ခုအတွက်ပဲ ကုန်သွားတယ်၊ အခြားလုပ်ငန်းစဉ်တွေလည်း ဘာမရှိ၊ ကျွန်တော်တွေ့ရသလောက်ကို ပြောတာပေါ့နော် အခြားဘာရှိသေးလဲဆိုတာ ကျွန်တော်လည်းမသိဘူးပေါ့ ကျွန်တော်တို့လိုင်းပေါ်မှာ တွေ့နေရတာက ဒီနှစ်ခုပဲပေါ့နော် ၊ ဘက်ဂျက်ကနေပေးတဲ့ ဥပမာ သိန်း ၅၀၀ ဆိုပါတော့ အဲ့ဒါကုန်သွားတော့ ၊ အခုလိုစာအုပ်လိုလာပြီးဆိုတဲ့ အခါကျတော့ ဘယ်မှာသွားရှာမလဲ၊ ဆွဲမှ ဆွဲမထားရတော့ စာအုပ်အတွက်က ဖြစ်မလာဘူး၊ အဲဒါကြောင့် ဘက်ဂျက်ဆွဲတဲ့အခါမှာ ဒါတွေထည့်ဆွဲရတာ၊ နောက်ပြီး တိုင်းရင်းသားရုံးနဲ့ ထိတွေ့နေမှုက နည်းတာလည်းဖြစ်မယ် ၊ ရုံးကိုယ်တိုင်ကလည်း ထိစပ်မှုနည်းတယ်လို့ ပြောတယ်။ အဲ့ကြောင့် ကျွန်တော်အကြံပြုချင်တာက  ပြည်နယ်အဆင့် ခိုင်ခိုင်ခံ့ခံ့ရှိရဲ့လား၊ သူတို့က ပြည်နယ်အဆင့်နဲ့ ဆက်ဆံတာလေ၊ မြို့နယ်အဆင့်နဲ့ လုံးဝမဆက်သွယ်တာလည်း မဟုတ်ပါဘူး၊ မြို့နယ်ကနေ ပြည်နယ်ကို အသိမှတ်ပြုတယ်၊ ပြည်နယ်ကနေတဆင့် တိုင်းရင်းသားရေးရာရုံးကို တိုက်ရိုက်ဆက်သွယ်ယူတာပေါ့ အဲ့လိုအဆင့်ဆင့်ရှိတယ်၊ မွန်မှာ ပုံနှိပ်စာအုပ် ခက်ခဲတယ်ဆိုတာက ဘက်ဂျက်မဆွဲထားလို့ပဲဖြစ်မှာပါ ၊ အကယ်လို့ သူအပိုင်းနဲ့သူ ဘတ်ဂျက်ထဲမှာ တောင်းဆိုထားမှာဆိုရင် အဆင်ပြေမှာပါ။

    မေး။    ။ ဆရာတို့ ကရင်ပြည်နယ် မွန်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့အနေနဲ့ ဒီနှစ်အတွက် ဘတ်ဂျက်မှာ ဘာတွေတောင်းဆိုထားလဲ။

    ဖြေ။    ။ ဘတ်ဂျက်က ကိုယ်ဆွဲချင်တာဆွဲမယ် အစိုးရက သူပေးချင်တာပေးမယ် ၊ ဥပမာ ကရင်ပြည်နယ်က မြို့နယ်သုံးခုအတွက် မွန်အမျိုးသားနေ့ကျင်းပဖို့ဘယ်လောက်၊ မွန်ဖတ်စာအုပ်ကျောင်းဦရေ ၁ သောင်းအတွက် ဘယ်လောက်၊ မွန် ဆရာ ဆရာမ စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက် ဘယ်လောက်ဆိုပြီးခွဲထားတယ် ဆွဲထားတာတော့ အများကြီးရှိတယ် သူတို့မပေးတာတွေလည်းရှိတာပေါ့ ဟံသာဝတီပျက်သုန်းနေ့လိုမျိုးကျင်းပဖို့၊ မွန်လူငယ်များနေ့ကျင်းပဖို့ ပြီးတော့ မွန်စာပေဟောပြောပွဲတွေလိုမျိုး တောင်းဆိုတာကျတော့ သူတို့ ပယ်ချလိုက်တယ်။ အဓိက ပေးတာကတော့ မွန်အမျိုးသားနေ့ရယ် မွန်ဆရာ ဆရာမ စွမ်းဆောင်ရည်မြှင့်သင်တန်းတွေကို ပေးဖြစ်ပါတယ်။

    မေး။   ။ကရင်ပြည်မှာ မွန်စာပေသင်ကြားနေတဲ့ကျောင်းအရေအတွက် ဆရာမဦးရေနဲ့ သင်ကြားနေသည့် အခြေနေတွေလည်း ပြောပြပေးပါ။

    ဖြေ။    ။ လောလောဆယ်ဆယ်က မြို့နယ်အဆင့်နဲ့ပဲ ပြောသွားတော့မယ်၊ ဘာအံမြို့မှာက ၃၁ ကျောင်း၊ လှိုင်းဘွဲ့က ၁ ကျောင်း၊ ကော့ကရိတ်က ၃၈ ကျောင်း၊ ကြာအင်းဆိပ်ကြီးက ၂၈ ကျောင်းရှိတယ်။ နောက်ပြီး ဘားအံမြို့မှာဆိုရင် မွန်စာသင်နေတဲ့ G-1 ကျောင်းသားဦးရေ ၁၄၉၀ ၊ G-2  ၁၂၃၁ ၊ G-3  ၉၃၇ ဦးရှိတယ် ဒါကဘာအံမြိုံ့ ၊ လှိုင်းဘွဲ့မှာဆိုရင် G-1 ၁၀၆၊  G-2 ၆၁  G-3 ၃၅၊ ကော့ကရိတ်မြို့နယ်မှာဆိုရင် G-1 ၁၃၀၉၊ G-2  ၁၁၆၄ G-3 ၈၉၇၊ ကြားအင်းဆိပ်ကြီးက G-1 ၅၃၃ G-2 ၅၇၉ G-3 ၄၇၆ ရှိတယ်။ တစ်ပြည်နယ်လုံးမှာဆိုရင် ဆရာ ဆရာမဦးရေ ၁၈၅ ဦးရှိတယ် ဒါက တစ်ပြည်နယ်လုံးပေါ့နော် အခုအသစ်ခန့်ထားတဲ့ ဆရာ ဆရာမဦးရေတွေလည်း ရှိတယ်၊ လျှောက်ထားဆဲတွေလည်းရှိတယ် ဘယ်လောက်ရှိလဲဆိုတော့ မသိရသေးဘူးပေါ့။

    မေး။    ။ မွန်စာပေယဥ်ကျေးမှုနဲ့ပတ်သက်လို့ နောက်ဆုံးအနေနဲ့ ဘာအခက်အခဲတွေရှိပါသလဲ၊ ဖြည့်စွက်ပြောဆိုချင်တာရှိရင် ပြောပေးစေလို။

    ဖြေ။   ။ တခြားအခက်အခဲ ထူးထူးခြားခြားတော့ သိပ်မရှိဘူး၊ ဒါပေမဲ့ ဒီဇွန်လမှာပဲ တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမတွေက လစာမရဘူး ဖြစ်နေတယ်။ လုံးဝမပေးတာတော့ မဟုတ်ပါဘူး ကိုဗစ်ကြောင့် နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဆရာ ဆရာမတွေ အလုပ်မဝင်ရသေးတာက တစ်ကြောင်း၊ အရင်ခန့်ထားတဲ့ ဆရာမတွေရဲ့ အဝင်အထွက်စာရင်း တိတိကျကျမသိသေးတာက တစ်ကြောင်း ပြီးတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇွန်လမှာ အသစ်ခန့်ထားတာလည်းရှိတယ် ၉၅ ဦးတောင် ခန့်ထားတယ်လို့ကြားတယ် အခုက ၈၀ ဦးပဲအလုပ်ဝင်ရသေးတယ် ၁၅ ဦးကျန်နေသေးတယ် အဲဒါကို ဇူလိုင်လ ဒုတိယအပတ်ထိ နောက်ဆုံးထားပြီး သူတို့စောင့်ပေးမယ် အကယ်လို့မဝင်ဘူးဆိုရင် သူတို့စာရင်ပိတ်ပြီးတော့ တစ်နှစ်စာ လစာဘက်ဂျက်ကို သူတို့ဆွဲမှာပေါ့ အဲဒါကြောင့် ဇွန်လနဲ့ ဇူလိုင်လကို ပေါင်းပြီးတော့ ပေးမှာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုခံစားရလဲဆိုတော့ အစိုးရခန့်ထားတဲ့ မွန်ဆရာမတွေက ဇွန်လလစာထုတ်တဲ့အချိန်မှာ လစာမရဘူးဆိုတော့ ခွဲခြားဆက်ဆံခံရတယ်ဆိုပြီးတော့ ခံစားရမှာပဲလေ၊ အလုပ်ကလည်း အတူတူပဲမဟုတ်လား ၊ စာသင်ရတာလည်း အတူတူပဲ အခြားဆရာမတွေ လစာထုတ်တဲ့အချိန်မှာ မွန်ဆရာမတွေကမရသေးဘူးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်ကြမှာပဲလေ။

    မေး။    ။ အခုလိုလက်ခံဖြေကြားပေးတဲ့အတွက် မွန်သတင်းအေဂျင်စီကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

    Topics# #ကရင်ပြည်နယ် #မွန်စာပေယဥ်ကျေးမှုကော်မတီ #ဥက္ကဌမင်းဇော်မင်းဦး #မွန်ဖတ်စာအုပ် # မွန်ဆရာ ဆရာမ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts