Homeသတင်းချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၁)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာမှ ရာအိမ်မှူးတစ်ဦး ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက် ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ပစ်သတ်ခံရကြောင်း သိရသည်။

မုရစ်ကလေးကျေးရွာ ရပ်ကွက် ၉ ရှိ ယောက္ခအိမ်အသွားလမ်းတွင် ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မုရစ်ကလေးဒေသခံတစ်ဦးက ပြောသည်။

“သူက ပြည်သူ့စစ်ရော၊ ရာအိမ်မှူးရော၊ ပရဟိတရော၊ မီးသတ်ရော အကုန်လုပ်တယ်၊ ဘယ်လက်ထက်မှာပဲဖြစ်ဖြစ် ရွာအကျိုး အမြဲလုပ်တယ်၊ အခုလိုဖြစ်သွားတာ အရမ်းစိတ်မကောင်းဖြစ်တယ်။ လူအယောက်တစ်ရာ သေသွားရင်တောင် သူ့တစ်ယောက်လောက် မနှမြောဘူး” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ ဦးဇော်မင်းထိုက် (ခေါ်) သားကြီး အသက် ၃၆ နှစ်ခန့်ဖြစ်ပြီး လက်မောင်းမှ တစ်ဆင့် လေပြွန်၊ နောက်ကျောမှ တစ်ဆင့် အဆုတ်သို့ ကျည် ဖောက်ထွင်းဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဦးဇော်မင်းထိုက်သည် ယခင်က ပြည်သူ့စစ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိရာမှ နစက ကောင်စီ လက်ထက်တွင် ရာအိမ်မှူးတစ်ဦးအဖြစ် ခန့်အပ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သတ်ပြီး ချောင်းဆုံမြို့နယ်ရဲစခန်းမှ တာဝန်ယူစစ်ဆေးလျှက်ရှိပြီး ဇူလိုင်လ ၁၀ ရက်နေ့အထိ တရားခံမပေါ်သေးကြောင်းလည်း ရဲစခန်းတာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၆ ရက် ညနေပိုင်းတွင်လည်း ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကဒတ်ချောင်းအနီးတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts