spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်လှစ်

    ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်လှစ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁)

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက် နံနက် ၉ နာရီမှာ ကျင်းပခဲ့ကြောင်း သိရသည်။

     ရေးမြိုနယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ခဲ့ခြင်းကြောင့် ယခင်ထက် ပိုမို တိုးတက်လာသည့် အခြေအနေဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖွင့်ပွဲတက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

    “ရေးမှာက ခရိုင်အဆင့် ဆေးရုံတစ်ခုပဲရှိခဲ့တာ။ အခုဆို ခရိုင်အဆင့် ထွေအုပ်ရုံးရှိတယ်။ ခရိုင်မြို့တစ်ခုဖြစ်လာတဲ့ အနေအထားပေါ့။ ဒီထက်ပိုပြီး လိုအပ်နေတဲ့ ဓာတ်အားလိုင်းစနစ်တွေလည်း ပြည့်စုံလာတော့မှာပါ”ဟု ၎င်းက ပြောသည်။

    ရေးခရိုင်အထွေထွေဦးစီးဌာနရုံးရှိလာသောကြောင့် ရေးမြို့နယ်အတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း အချိန်မီ ပိုမိုလွယ်ကူစွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ရေးမြို့နယ်မှ ဒေသခံတစ်ဦးက “ခရိုင်မြို့ဖြစ်လာတာ တကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မတို့ အဓိက လိုနေတာက လျှပ်စစ်မီးပေါ့နော်။ အဲဒါကိုတော့ အမြန်ဆုံးရစေချင်တယ်။ မွန်ပြည်နယ်မှာဆို အစိုးရလျှပ်စစ်မီးဓါတ်အားလိုင်း မရောက်သေးတာ ရေးပဲ ကျန်တော့တယ်။ ပုဂ္ဂလိက မီးစက်နဲ့ တစ်မြို့နယ်လုံး မီးပေးထားတယ်၊ ဆီစျေးတက်လာတော့ အခုဆို မီတာခတွေက ပိုတိုးလာပြီ”ဟု ပြောသည်။

    ထို့ပြင် ရေးခရိုင်အတွက် မဟာဓာတ်အားလိုင်း ရရှိရန် နှင့် စက်မှုအထက်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်နိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ စီးပွါးရေးရာဝန်ကြီး နိုင်လယိတမ၊ ရေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးစိုးအောင်၊ ရေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    အလားတူ ကျိုက်ထိုခရိုင်အထွေထွအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဇူလိုင် ၁ ရက် မနက် ၉ နာရီအချိန်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


    နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင် ၄၆ ခရိုင် အသစ်တိုးချဲ့ဖွဲ့စည်းသည့်အတွက် စုစုပေါင်းခရိုင် ၁၂၁ ခရိုင်ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မေ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks