spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအစုအဖွဲ့အားလုံးပါသည့် ဆွေးနွေးပွဲဖန်တီးရန် အာဆီယံအထူးကိုယ်စားလှယ်ကို PPST တိုက်တွန်း

    အစုအဖွဲ့အားလုံးပါသည့် ဆွေးနွေးပွဲဖန်တီးရန် အာဆီယံအထူးကိုယ်စားလှယ်ကို PPST တိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂)

    လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး သက်ဆိုင်သည့် အစုအဖွဲ့များအားလုံးပါသည့် တွေ့ဆုံဆွေးနွေးပွဲ ဖန်တီးရန် အာဆီယံအထူးကိုယ်စားလှယ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က တိုက်တွန်းခဲ့ကြောင်း သိရသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အစုအဖွဲ့အသစ်ဖြစ်သည့် NUG လည်း ပါဝင်ရန် အခင်းအကျင်းကို ဖန်တီးဖို့ လိုအပ်ကြောင်း PPST ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောသည်။

    “အခုဆိုရင် လောလောလားလား သူလည်း(NUG) Stakeholder တစ်ရပ်အနေနဲ့ ရှိခဲ့ပြီဆိုတော့ ပါသင့်ပါတယ်။ ကျနော်တို့ ဒါကို ရည်မှန်းပြီးတော့ ပြောထားပါတယ်ခင်ဗျ။ ဥပမာဆို ကျနော်တို့ အကြံပြုတာက သက်ဆိုင်သူဆိုကတည်းက ကျနော်တို့ EAO လည်းပါမယ်။ ပြီးရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါမယ်။ နိုင်ငံရေးပါတီတွေပါမယ်။ နောက်တော့ ကျနော်တို့ CSO, CBO တွေက အချို့ တကယ့်ခေါင်းဆောင်တွေပေါ့နော် ပါမယ်။ အဲဒီထဲမှာလည်း ပညာရှင်တွေ ပါမှာပေါ့။ နောက်တစ်ခုရှိတာက တကယ့် အခုလောလောဆယ် Stakeholder အသစ်ဖြစ်နေတဲ့ NUG တို့ PDF တို့ အစကလည်း ဒါကျနော်တို့ အဝန်းအဝိုင်းထဲမှာ တွေ့ဆုံဆွေးနွေးပွဲထဲမှာ ပါဝင်နိုင်အောင် ဖန်တီးပြီးတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲထဲမှာ ပါဝင်လာဖို့ ဒါလည်း ဖန်းတီးပြီးတော့ ပါဝင်သင့်ရမယ်လို့ ကျနော်တို့က သူ့ကို(အာဆီယံအထူးကိုယ်စားလှယ်) ရှင်းပြထားပါတယ်ခင်ဗျ” ဟု ပြောသည်။

    မြန်မာပြည်ကို ဇွန် ၂၉ ရက်က ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်နှင့် PPST တို့ ဇူလိုင် ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    မစ္စတာပရတ်ဆိုခွန်က PPST တို့ တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေးနှင့် အမှန်တကယ် ဒုက္ခရောက်နေသူများကို အကူအညီများ ရောက်ရှိရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

    တွေ့ဆုံဆွေးနွေးပွဲဖြစ်ရန် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးမှာလည်း အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျ ဖြစ်ဖို့လိုအပ်ကြောင်း နိုင်အောင်မငေးက ပြောသည်။

    “ကျနော်တို့ အကြံပြုလိုက်တာက တွေ့ဆုံဆွေးနွေးပွဲဖွင့်ဖို့ကတော့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု အပြန်အလှန်တည်ဆောက်ရမယ်၊ ယုံကြည်မှု တည်ဆောက်ပြီးမှ ကျနော်တို့ ဒီအပစ်အခတ်ရပ်စဲရေး ကိစ္စမှာလည်း အပြောသက်သက်မဟုတ်ပဲနဲ့ လက်တွေ့ကျကျဖြစ်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ စေတနာရိုးသားမှု၊ သဘောထားပြည့်ဝမှုကိုလည်း ဒါလည်း အခြေခံပါတယ်။ ဒါကိုလည်း ကျနော်တို့ ဖြစ်ခဲ့တဲ့ ကျနော်တို့ နိုင်ငံရဲဖြစ်စဉ် တစ်လျှောက်မှာပေါ့နော်။ Ceasefire တွေဖြစ်တယ်။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်တယ်။ တကယ့်လက်တွေ့မှာတော့ အဲဒီလို တိတိကျကျမဖြစ်ခဲ့တာတော့ သမိုင်းသာဓကတွေ အများကြီးရှိခဲ့တယ်ဆိုတော့ ဒီတစ်ပတ်မှာလည်း တကယ့်လက်တွေ့ကျတဲ့ လုပ်နည်းလုပ်ဟန်နဲ့ နည်းနာနဲ့ ဆက်လက်သွားစေချင်တယ်။ အဲဒီကိစ္စ အာဆီယံ Envoy ကိုလည်း ကျနော်တို့ အထူးတိုက်တွန်းပြီးတော့ ပြောကြားခဲ့ပါတယ်” ဟု ပြောသည်။

    အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် တွေ့ဆုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့်  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks