spot_img
Saturday, February 21, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံဆွေးနွေးပွဲ MUP တက်မည်

    အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံဆွေးနွေးပွဲ MUP တက်မည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁)

    မြန်မာပြည်ကို ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံဆွေးနွေးမှုကို တက်ရောက်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) ပြောခွင့်ရပုဂ္ဂိုလ် နိုင်သန်းရွှေက ပြောသည်။

    အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့ ဇူလိုင် ၂ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်၏ ဆွေးနွေးမှုအပေါ်မူတည်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ဟုတ်ကဲ့ တွေ့ဆုံဖို့တော့ ရှိတယ်။ ကျနော်တို့ သိရတာကတော့ ၂ ရက်နေ့ပေါ့။ ဆွေးနွေးဖို့ကတော့ ကျနော်တို့ အစီအစဉ်ကတော့ ကျနော်တို့ မသိရသေးဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ သွားတွေ့မယ်။ နောက်ပြီးတော့ ဒီကိုယ်စားလှယ်က ဘာတွေပြောမလဲ၊ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့နဲ့ မြန်မာ့နိုင်ငံရေးနဲ့ ကိုက်ညီတဲ့ဥစ္စာတွေကို ပြောဖိုတော့ ရှိတယ်ပေါ့။ လောလောဆယ်တော့ ပြင်ဆင်ထားတာတော့ သိပ်မရှိဘူးပေါ့နော်” ဟု ပြောသည်။

    အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံမှုကို ရခိုင်ဦးဆောင်ပါတီ (AFP) က တက်ရောက်မည် ဖြစ်ကြောင်း၊ သို့သော် မည်သည့်ကိစ္စဆွေးနွေးမည်ဆိုသည်ကို အသေးစိတ်ပြောပြ၍ မရသေးကြောင်း AFP  ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

    “အဲဒါကတော့ အသေးစိတ် ပြောလို့မရဘူး။ ကျနော်တို့က အခြေအနေကြည့်ရမှာ ဘယ်ပါတီတွေ ပါသလဲပေါ့။ ခင်ဗျားတို့ သတင်းကြားမှာပေါ့။ ဒီနေ့ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ထင်တယ်။ PPST နဲ့ တွေ့မယ်ဆိုတာလေ။ ကျနော်တို့လည်း နိုင်ငံရေးပါတီ များများပါနိုင်တာပေါ့။ ကျနော်တို့တာ မသိတာလေ။ ဘယ်နှစ်ပါတီနဲ့ တွေ့မှာလဲ။ အချိန်ဘယ်လောက်လဲ။ မပြောတတ်ဘူး။ အခြေအနေကြည့်ပြီး ပြောရဆိုရမှာ၊ ကြိုပြီးပြောလို့လည်း မကောင်းဘူးရယ်။ တွေ့ပြီးမှပဲ ဘာတွေကို ပြောခဲ့တာကို ခင်ဗျားတို့ကို ပြန်ပြောရင် ပိုပြီး ပြည့်စုံမယ်ထင်တယ်” ဟု ပြောသည်။

    အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာပြည်ကို ရောက်ရှိခဲ့ပြီးနောက် နစက ဥက္ကဋ္ဌနှင့် ယမန်နေ့က တွေ့ဆုံခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

    အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်သည် မြန်မာပြည်သို့ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ယခုလာရောက်သော ခရီးစဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး၊ အာဆီယံ ဘုံသဘောတူညီမှု (၅)ရပ် အကောင်အထည် ဖော် ရေး၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာရေး စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    အာစီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks