spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    ပေါင်မြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၃၀)

    မွန်ပြည်နယ်၊ ပေါင်မြို့နယ် အုန်းကပင် နတ်ကြီးချောင်းကျေးရွာ အိန္ဒြေရှင် KTV အနီးမှာ ဇွန် ၂၉  ၇ နာရီကျော်က ပေါင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

    အဆိုပါ အုပ်ချုပ်ရေးမှူးမှာ စားသောက်ဆိုင်မှ အပြန် ပစ်ခတ်ခံရခြင်း ဖြစ်ကား ၎င်းနှင့်အတူ အဖော်တစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

    ” စားသောက်ဆိုင်က အပြန်မှာ ဆိုင်ကယ်အနောက်က ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမည်မသိ အမျိုးသား၂ ယောက်က ဆိုင်ကယ်ကျော်တတ်ပြီး သေနတ်နဲ့ ပစ်တာ တစ်ယောက်က သေ တစ်ယောက်က ဒဏ်ရာရတယ်”ဟု ၎င်းက ပြောသည်။

    သေဆုံးသူမှာ ဦးထွေးသိန်း (ခ) မဲလုံးက  အသက် ၄၄ နှစ် ရှိပြီး ပေါင်မြို့နယ် ကဒုံစီးရက်ကွက် အုပ်ချုပ်ရေးမှုးတစ်ဦး ဖြစ်ကြောင်း၊ သေနတ်ဒဏ်ရာ ထိခိုက်ခံရသူ မောင်ဇော်ဟာ အသက် ၃၇ နှစ်  အုန်းတပင်ကျေးရွာတွင်  နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

    ဦးထွေးသိန်း (ခ) မဲလုံးက သေနတ်ဒဏ်ရာ ၂ ချက်ထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အဖော်ဖြစ်သူ မောင်ဇော် ဆိုသူက ဝဲဘက်တံတောင်ဆစ်နှင့် ခြေကျင့်ဝတ်မှာ ကျည်ဖောက်ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

    ပေါင်မြို့နယ် ကဒုံးစီရပ်ကွက် ယခင်က အုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးကျော်အောင်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးတာဝန်မှ အနားယူခဲ့သည်။

    ထို့နောက် ဦးထွေးသိန်း (ခ) မဲလုံးက  ကဒုံစီရပ်ကွက် အုပ်ချုပ်ရေးမှူးတာဝန်ကို  (၆)လ တာဝန်ထမ်းဆောင်ပြီး ယခုကဲ့သို့ သေနတ်ပစ်သတ် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

    ပေါင်မြို့နယ်မှာ ယခင်က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အသင်းနာယက ဦးခင်မောင်ဦးလည်း သေနတ်ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks