Homeသတင်းသံဖြူဇရပ် - ရေး ကားလမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် ဆီဘောက်ဆာယာဥ်တိုက်မှုဖြစ်ပွား

သံဖြူဇရပ် – ရေး ကားလမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် ဆီဘောက်ဆာယာဥ်တိုက်မှုဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ် – ရေး ကားလမ်း ပိန္နဲတောကျေးရွာအနီးတွင် ယနေ့ (ဇူလိုင် ၁ရက်) နံနက် ၉ နာရီအချိန်ခန့်က ခရီးသည်တင်မှန်လုံယာဉ်နှင့် စက်သုံးဆီတင်ဘောက်ဆာယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်သည် အရှေ့မှာရှိနေသော လားရာတူ ၁၂ ဘီး ကုန်တင်ယာဉ်ကို ကျော်တင်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ရေးမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် စက်သုံးဆီတင် ဘောက်ဆာယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အများဆုံးထိတာက ဆီဘောင်ဆာကားပေါ်က ယာဉ်မောင်းပဲ။ သူက ခေါင်းခန်းမှာ ညှပ်နေလို့ ခက်ခက်ခဲခဲ ထုတ်ယူရတယ်။ တော်တော်ကြာကြာကို ထုတ်ယူရတယ်”ဟု ၎င်းက ပြောသည်။

မှန်လုံယာဉ်ပေါ်မှ ခရီးသည်များသည် ထိခိုက်ဒဏ်ရာရရှိမှု နည်းသော်လည်း ဆီးဘောင်ဆာယာဉ်မှ ယာဉ်မောင်းသည် ပေါင်ရိုးကျိုးခြင်း၊ မေးစေ့ကွဲခြင်း နှင့် မှန်ကွဲစများ ဝင်သွားခြင်းစသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်းကို သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ခရီးသည်တင် ယာဉ်ပေါ်မှ ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ကို ဆေးထည့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ – ပိုင်ရှင်မဲ့ လူမှုကယ်ဆယ်ရေးအသင်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts