Friday, March 13, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံသို့ လူပို့ဆောင်သူပွဲစားများအပါအဝင် တရားမဝင်မြန်မာအလုပ်သမား ၂၀ ကျော် စံခလပူရီမြို့နယ်တွင် ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံသို့ လူပို့ဆောင်သူပွဲစားများအပါအဝင် တရားမဝင်မြန်မာအလုပ်သမား ၂၀ ကျော် စံခလပူရီမြို့နယ်တွင် ဖမ်းဆီးခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၅ ဇွန် ၂၀၂၂)

    ထိုင်းနိုင်ငံတွင်းသို့ အလုပ်လုပ်နိုင်ရန် တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၉ ဦးနှင့် လူပို့ဆောင်သူပွဲစား ၅ ဦးတို့အား စံခလပူရီမြို့နယ် အမှတ်(၄) ရပ်ကွက် ထီးခလုံးရွာ၌ ယနေ့နံနက်ပိုင်းတွင် ရဲနှင့် စစ်တပ်လုံခြုံရေးအဖွဲ့တို့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။  

    စံခလပူရီမြို့နယ် ရဲမှူးကြီး Thanakorn Rodruang ဦးစီး၍ သတင်းအရ အဆိုပါမြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦး ပွဲစား ၅ ဦးနှင့်အတူ ထိုင်းငွေ ၅၃,၆၆၀ ဘတ်၊ ဆိုင်ကယ်တစ်စီးနှင့် ဖုန်း ၅ လုံးတို့ကို သိမ်းဆည်းရမိသည်ဟု ထိုင်းလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    “မြန်မာနယ်စပ် ဘုရားသုံးဆူကနေ ဆိုင်ကယ်နဲ့တောလမ်းကနေလာပြီးတော့ ရေလမ်းကနေ စက်လှေနဲ့တဆင့် ဂိတ်တွေကို ရှောင်ကွင်းပြီး ပွဲစားတွေနဲ့လာခဲ့တာပဲ၊ ရဲက သတင်းအတိအကျရတော့ ဖမ်းမိတာပေါ့၊ အခုတလော နေ့တိုင်းလိုလိုပဲ ထိုင်နိုင်ငံထဲ ခိုးဝင်နေကြတာ သိရတယ်” ဟု ၄င်းကဆိုသည်။

    အဆိုပါမြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ဝင်ရောက်နိုင်ရန် တစ်ဦးလျင် ဘတ်ငွေ ၃၂,၀၀၀ စီ ပွဲစားများကို အသီးသီးပေးဆောင်ခဲ့ရကြောင်း ရဲစခန်းတွင် ထွက်ဆိုထားသည်ဟု ဆိုသည်။  

    မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်မသက်ဖြစ်နေချိန်တွင် ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်အရ ရွှေ့ပြောင်းအလုပ်သမားများပေါ် အစိုးရဥပဒေအရ ကိုဗစ်အလွန် အစိုးရက ဖြေလျှော့မှုများ ပေးလာသဖြင့် လတ်တလောကာလ၌ တရားမဝင်လမ်းကြောင်းအသီးသီးမှ မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား ဝင်ရောက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks