spot_img
Thursday, February 19, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကြာအင်းဆိပ်ကြီးမြို့ ချမ်းမြေ့ဝတီ စက်သုံးဆီအရောင်းဆိုင်တွင် ရွှေငွေလုယက်၍ သေနတ်ပစ်ခတ်မှုကြောင့် မိသားစုဝင်တစ်ဦးသေဆုံး

    ကြာအင်းဆိပ်ကြီးမြို့ ချမ်းမြေ့ဝတီ စက်သုံးဆီအရောင်းဆိုင်တွင် ရွှေငွေလုယက်၍ သေနတ်ပစ်ခတ်မှုကြောင့် မိသားစုဝင်တစ်ဦးသေဆုံး

    -

     မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၅)

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ကြခတ်ချောင်းကျေးရွာအုပ်စု၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွားကားလမ်းဘေးရှိ “ချမ်းမြေ့ဝတီ”စက်သုံးဆီအရောင်းဆိုင်တွင် ရွှေငွေလုယက်၍ သေနတ်ပစ်ခတ်မှုကြောင့် မိသားစုဝင်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

    ဇွန်လ ၁၃ ရက် ည ၈ နာရီဝန်းကျင် အချိန်ခန့်တွင် အဆိုပါ စက်သုံးဆီဆိုင်သို့ အမည်မသိ အမျိုးသား ၄ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာ‌ပြီး ဆိုင်ရှင် ဦးချစ်အောင်နှင့် မိသားစုဝင်များကို သေနတ်ဖြင့် ‌ခြိမ်းခြောက်ကာ လက်ဝတ်ရတနာနှင့် ငွေများကို လုယက်ပြီးနောက် ဆိုင်ရှင်၏ ယောက်ဖဖြစ်သူ ဦးအေးဝင်းနိုင်ကို သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောသည်။

    “ညဘက်ကြီး ရောက်လာပြီး လုယက်သွားတာပဲ။ ဆိုင်ရှင်ဆိုလည်း အရိုက်ခံရတာ။ လက်ဝတ်ရတနာ တော်တော်များများပါသွားတယ်။ ငွေ‌တွေလည်းပါသွားတယ်လို့ ကြားတယ်။ ဆိုင်ရှင်ရဲ့ ယောက်ဖကို သေနတ်နဲ့ ပစ်သတ်သွားတယ်”ဟု ၎င်းက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးအေးဝင်းနိုင်၏ မေးအောက်၊ နှာခေါင်းယာဘက်၊ လည်ပင်းနှင့် ဦးခေါင်းနောက်စေ့တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရရှိကာ နေရာမှာတင် သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ လုယက်မှုတွင် ရွှေလက်ကောက် ၂ ကွင်း၊ ရွှေလက်စွပ် ၂ ကွင်း၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ စိန်လက်စွပ် ၁ ကွင်း စုစုပေါင်း လက်ဝတ်ရတနာ၏ ခန့်မှန်းတန်ဖိုး ၂၃၀ သိန်းခန့်နှင့် ငွေကျပ် ၁၀ သိန်းကိုလည်း ယူဆောင်သွားကြောင်း သတင်းရရှိသည်။

     အမည်မသိလုယက်သူ လေးဦးသည် မထွက်သွားခင် နေအိမ်၏ အရှေ့ဝင်ပေါက်ကို လက်လုပ်မိုင်း တစ်လုံး ထောင်ထားပြီးမှ ဆိုင်ကယ်ဖြင့် ထွက်သွားကြောင်း သိရသည်။

    လက်ရှိတွင် လုယက်မှုကျုးလွန်သူ ၄ ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက် နစကလုံခြုံရေးတာဝန်ရှိသူများမှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။


    အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နှင့် အနီးပတ်ဝန်းကျင်တဝိုက်တွင် ပြီးခဲ့သည့်လအတွင်း မြန်မာစစ်တပ်နှင့် KNU-PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    Photo- ကြာအင်းဆိပ်ကြီးမြို့တွင် ဦးအေးဝင်းနိုင်၏ စျာပနကို လိုက်လံပို့ဆောင်ကြစဥ် (CJ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks