Friday, March 13, 2026
More
    spot_img
    Homeသတင်းချေးငွေထုတ်ချေးပေးရန် နောက်ကျခြင်းကြောင့် မိုးစပါးတောင်သူများ ငွေကြေးအခက်အခဲဖြစ်

    ချေးငွေထုတ်ချေးပေးရန် နောက်ကျခြင်းကြောင့် မိုးစပါးတောင်သူများ ငွေကြေးအခက်အခဲဖြစ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၃)

    လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးမည့် ချေးငွေနောက်ကျသည့်အတွက်  မိုးစပါးစိုက်တောင်သူများ ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

    ကောက်စိုက်ကာလအထိ ချေးငွေမရသေးသည့်အတွက် မိုးစပါးစိုက်ပျိုးတောင်သူများ  လယ်သမားအချင်းချင်း ငွေချေးနေရသည့် အခြေအနေအထိ ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာမှ နိုင်ခင်မောင်ရီက ပြောသည်။

    “ဒီနှစ်ချေးငွေကိုတော့ ဘာမှမပြောဘူး၊ ခေါ်လည်းမပေးဘူး။ ကျနော်တို့ လယ်သမားတွေအချင်းချင်းဆီမှာပဲ ချေးရတာ အဲဒီလိုရှိတယ်။ ကိုယ့်လယ်ပြီးဖို့အတွက် ချေးရတဲ့နေရာမှာချေးမယ်။ အဲဒီလိုမလုပ်လို့မှမရတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။

    ယင်းအပြင် မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လယ်လုပ်ငန်းအတွက် အရင်းအနှီး ပိုမိုထုတ်နေရကြောင်းလည်း တောင်သူများက ပြောဆိုကြသည်။

    လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ်မိုးစပါးရာသီအတွက် တစ်ဧကကို ကျပ် ၁ သိန်းခွဲ ၊ အတိုး ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    မိုးစပါးစိုက်ပျိုးတောင်သူများအတွက် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ချေးငွေထုတ်ချေးပေးရန် စီစဉ်ထားသော်လည်း  ရန်ပုံငွေမကျသေးသည့်အတွက် ချေးငွေကို နောက်ကျမှထုတ်ချေးပေးမည်ဖြစ်ကြောင်း  ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    “ဒီနှစ်က ရွာတိုင်းထုတ်ပေးဖို့ပဲလေ ရန်ပုံငွေမကျသေးလို့ သူတို့ဆီက စာချုပ်အတွဲတွေလည်းမတက်လာသေးဘူး အဲဒါလည်းပါတယ်။ အမှုတွဲတက်လာရင်တော့ စစ်ရအုံးမယ်။ စစ်ပြီးရင် ရန်ပုံငွေကျမှ ထုတ်လို့ရမယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်တွင် ချေးငွေပြန်ဆပ်ရန် သက်တမ်း  ၆ လကျော်လွန်နေသည့် တောင်သူ ၂ ဦးနှင့်  သက်တမ်း ၃ လကျော်လွန်သည့် တောင်သူ  ၁ ဦး ကျန်ရှိနေကြောင်း  ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

    မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဧက ၇ သိန်းကျော်ရှိပြီး လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ် ကျပ်သိန်း ၄ သိန်းကျော် ချေးငွေထုတ်ချေးပေးနေကြောင် သိရသည်။

    Photo – internet

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks