spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်တွင် လူနာတင်ယာဉ်တစ်စီး သေနတ် ပစ်ခံရ အသင်းသားတစ်ဦးသေဆုံး

    ကျိုက်ထိုမြို့နယ်တွင် လူနာတင်ယာဉ်တစ်စီး သေနတ် ပစ်ခံရ အသင်းသားတစ်ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇွန် ၁၀)

    ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာတွင် စစ်တောင်းနာရေးကူညီမှုအသင်း၏ လူနာတင်ယာဉ်တစ်စီးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    ဇွန်လ ၉ ရက် ည ၉ နာရီကျော် အချိန်ခန့်က စစ်တောင်းကျေးရွာမှ လူငယ်နှစ်ဦး အရက်သောက်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သောကြောင့် ဓားထိုးခံရသည့် လူနာကို ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် စစ်တောင်းနာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    လူနာပို့ဆောင်ရာတွင် ယာဉ်မောင်းတစ်ဦး၊ အသင်းသား ကိုကျော်ဇင်ဦးနှင့် ကိုပြည့်ဖြိုးအောင်တို့ လိုက်ပါသွားကြောင်း ဆက်ပြောသည်။

    “ပြန်လာတဲ့အချိန် အပစ်ခံရတာ။ အင်္ဂပူကို အရောက်မှာ ပစ်ခံရတာ။ ပြည်ဖြိုးအောင်ကိုကျတော့ ဆီးခုံကို ကျည်က ဖောက်ဝင်သွားတာ။ ကျော်ဇင်ဦးက ဘယ်ဘက်ပေါင်မှာ ရှပ်ထိဒဏ်ရာ ရသွားတယ်”ဟု ၎င်းက ပြောသည်။

    ကိုပြည်ဖြိုးဦးကို ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို့ ပြန်လည်ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

    လူနာတင်ယာဉ်ပစ်ခတ်ခံရခြင်းနှင့် ပတ်သတ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks