spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းဇင်းကျိုက်တွင် ရေမြောင်းအတွင်း ၁၁နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

    ဇင်းကျိုက်တွင် ရေမြောင်းအတွင်း ၁၁နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၈)

    ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ရေမြောင်းအတွင်း ရေဆင်းကူးသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

    ဒုတိယတန်း တက်ရောက်နေသူဖြစ်ပြီး ကျောင်းမှ ပြန်ရောက်လာစဉ် နေအိမ်အနီး ရထားလမ်းဘေးရှိ ရေမြောင်းတွင် ရေကူးနေစဉ် ရေနစ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “မိဘတွေ မရှိတဲ့အချိန် အိမ်ကနေ ထွက်သွားပြီး ရေမြောင်းမှာ ရေသွားကူးတာ။ ရေက နက်တော့ ရေကူးရင်းနဲ့ နစ်သွားတာ။ သူရေနစ်တာကို တွေ့တော့ ကလေးတွေက လာပြောလို့ လိုက်လာကြတာ”ဟု ၎င်းက ပြောသည်။

    အဆိုပါ ကလေးငယ်သည် ဇ‌င်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက် နယ်မြေ ၈ တွင် နေထိုင်သူ မင်းစိုက်ချမ်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

    ရပ်ကွက်ထဲမှ ပြည်သူများ နှင့် ကယ်ဆယ်ရေးသမားများက ဝိုင်းဝန်းရှာဖွေခဲ့ရာ ကလေး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

    ရေနစ်သေဆုံးသည့် ကလေး၏ ရုပ်အလောင်းကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks