Sunday, April 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်တပ်နှင့် PDF တို့ကြား တိုက်ပွဲပြင်းထန်နေ

    ကျိုက်ထိုတွင် စစ်တပ်နှင့် PDF တို့ကြား တိုက်ပွဲပြင်းထန်နေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန်လ ၇)

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဘုရားလေးလမ်းခွဲအနီးတွင် ယနေ့ (ဇွန်လ ၇ရက်) နံနက်ပိုင်းက စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ကျိုက်ထိုဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ယာဉ်တန်းကို PDF အဖွဲ့က မိုင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အကျအဆုံးရှိကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း နစကကောင်စီဘက်က သီးခြားထုတ်ပြန်လာခြင်း မရှိသေးပေ။

    အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ထုံးဘိုလေးကျေးရွာအနီးတွင်လည်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ရေးတင်းမာ လျက်ရှိသည်။

    လက်နက်ကြီးလက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုကြောင့် အနီးတဝိုက်ရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေးကူညီနေသူတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ဒီရက်ထဲမှာ ဆက်တိုက်ပဲ တိုက်ပွဲက မနေ့ကတင် စစ်ရှောင် ၃ ထောင်လောက် ထပ်တိုးတယ်။ တချို့ကျတော့လဲ နီးစပ်ရာ အမျိုးတွေဆီ ထွက်ပြေးကြတယ်” ဟု ၎င်းက ပြောသည်။

    သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာအနီးတွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ KNLA၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks