spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းအခြေခံပညာကျောင်းများရှိ အသက် ၅ နှစ် နှင့် ၁၂နှစ်ကြား ကလေးများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေး

    အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ် နှင့် ၁၂နှစ်ကြား ကလေးများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၆)

    မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးများကို ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပေးနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့်နှစ်က ကျောင်းမတက်ဖြစ်သောကြောင့် ကာကွယ်ဆေးမထိုးရသေးသည့် အသက် ၁၂ နှစ် မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆေးထိုးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ကျောင်းဖွင့်ရာသီမှာ အသက် ၅ နှစ်က ၁၂ နှစ်ကြားကလေးအားလုံးကို ကာကွယ် ဆေး ထိုးပေးသွားမယ်။ နောက်ပြီး အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ပြီးခဲ့တဲ့နှစ်က အကြောင်းကြောင်းကြောင့်ကျောင်းမတက် ဖြစ်တဲ့ ကာကွယ်ဆေး မထိုးနှံရသေးတဲ့သူတွေ ကိုလည်း ကာကွယ်ဆေးထိုးနှံပေးမယ်”ဟု ၎င်းက ပြောသည်။

    ထို့ပြင် ကျောင်းအခြေပြု အနေဖြင့် သုံးမျိုးခွဲကာ ထိုးပေးမည်ဖြစ်ပြီး အသက် ၅ နှစ် မှ ၁၂ နှစ် ကြား ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်း၊ ပြီးခဲ့သည့်နှစ်က ကာကွယ်ဆေးမထိုးရသေးသော အသက် ၁၂ နှစ် မှ ၁၈ နှစ်ကြား ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး ၆လ ပြည့်သွားသည့် ကျောင်းသားမိဘများကို Booster ထပ်ထိုးပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိ ကျောင်းတက်နေသည့် ကလေးများအားလုံးကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ကိုဗစ် ၁၉ ကာကွယ်ဆေး Sinopharm နှင့် Sinovac ကို ထိုး နှံပေးမှာဖြစ်ကြောင်း သိရသည်။

    မော်လမြိုင်၊ ဇေယျာသီရီရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက “ဆရာမတွေက ဖုန်းဆက်လာတယ်။ ကလေးကို ကာကွယ်ဆေးထိုးဖို့ရယ် နောက်ပြီး ကျွန်မကို မေးတယ် ကာကွယ်ဆေးနှစ်ကြိမ် ပြီးပြီလားပေါ့။ ပြီးရင် Booster ထိုးမလားပေါ့။ Booster ထိုးမယ်ဆို စာရင်းထည့်ပေးမယ် ပြောတယ်”ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ် စာရင်းများအရ အသက် ၅နှစ် နှင့် ၁၂ ကြား ကလေးအရေအတွက် ၁၇၀၀၀၀ ဦး နီးပါး ရှိကြောင်း သိရသည်။

    ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂၄ဝ၃၂၃ ဦးရှိကြောင်း သိရသည်။

    လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ မေလကုန်အထိ လူဦးရေ စုစုပေါင်း ၃၁ သန်းကျော် အား ထိုးနှံပေးပြီးဖြစ်ကာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးသူ (၂)သန်းကျော်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks