Homeသတင်းPNLO တတိယအကြိမ်မြောက်ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ပြန်လည်ရွေးချယ်

PNLO တတိယအကြိမ်မြောက်ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ပြန်လည်ရွေးချယ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၄)

PNLO ၏ တတိယအကြိမ်မြောက် ညီလာခံကို ဌာနချုပ်တည်ရှိရာ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် ဇွန်လ ၁ ရက်နေ့က ကျင်းပပြီးစီး၍ ဗအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်  ဗဟိုအလုပ်အမှုဆောင်ကော်မတီများကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။

PNLO မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူး ခွန်မင်းသိမ်း “အဓိကကြတော့ ကျနော်တို့က ၂၀၂၂ ခုနှစ် မေလ ၂၉ ကနေပြီးတော့ ဇွန်လ ၁ ရက်နေ့အထိ ကျနော်တို့ ညီလာခံတော့ ၄ ရက်လုပ်သွားတာပေါ့။ ကျနော်တို့ ရွေးချယ်တာတော့ ကျနော်တို့ Constitution အရ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဆိုတာ ရှိတာပေါ့နော်၊ အဲဒီကနေပြီးတော့ သူ့ရဲ့ ကိုယ်စားပြုဌာန အလိုက် အဲဒီလို ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်ခဲ့တာပေါ့” ဟု ပြောသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၉) ဦးအပါအဝင် ဗဟိုကော်မတီ (၁၉) ဦး ရွေးချယ်တင်မြောက်ခဲ့ကြောင်း၊ PNLO ၏ ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူ ဦးခွန်မြင့်ထွန်းမှာ အရွေးချယ်မခံခဲ့ရကြောင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှာ ယခင်ကတည်းက တာဝန်ယူထားသည့် ဦးဆောင် နာယကတွင် ဆက်လက်တာဝန်ယူခဲ့ကြောင်း သိရသည်။

PNLO ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီများတွင် ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန်၊ ဒုဥက္ကဌ(၁) ခွန်ထွန်းတင်၊ ဒုဥက္ကဌ(၂) ဗိုလ်မှူးချုပ် ခွန်ကျော်ထင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ခွန်အောင်မန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူး ခွန်မင်းသိမ်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) နန်းယဉ်ယဉ်စိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၃)ဦးနှင့် ဗဟိုကော်မတီဝင် (၁၀)ဦးကို ရွေးချယ်ခဲ့ကြသည်။

ဗအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts