spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့၊ သီရီမြိုင်ရပ်ကွက်အတွင်း ‌လူနေတဲအိမ်မီးလောင်၊ လူတစ်ဦးသေဆုံး

    မော်လမြိုင်မြို့၊ သီရီမြိုင်ရပ်ကွက်အတွင်း ‌လူနေတဲအိမ်မီးလောင်၊ လူတစ်ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၃)

    မော်လမြိုင်မြို့နယ်၊ သီရီမြိုင်ရပ်ကွက် ၁၂ လမ်းအတွင်း ဇွန်လ ၂ ရက် ည ၈နာရီခွဲ အချိန်ခန့်က လူနေတဲအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

    တဲအိမ်အတွင်း ထွန်းထားသော ဖယောင်းတိုင်မှ တစ်ဆင့် အိမ်ကြမ်းခင်းကို စတင် မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ်က ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    “မီးကအများကြီးလောင်သွားတာမဟုတ်ဘူး။ အိမ်လေးရဲ့ ကြမ်းခင်းရယ်၊ သေဆုံးခဲ့သူရဲ့ ပုဆိုး၊ အင်္ကျီတွေ မီးလောင်သွားတယ်။ သူထွန်းထားတဲ့ ဖယောင်းတိုင်ကနေတဆင့် မီးလောင်တာ၊ သူကတော့ မီးလောင်ဒဏ်ရာနဲ့ပဲ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

    သေဆုံးသူသည်  အသက် ၆၀ အရွယ် လေဖြတ်နေသူ တစ်ဦးဖြစ်ပြီး  သီရီမြိုင် ၁၂လမ်း ရေကန်အနီးရှိ ကျုးကျော်တဲတွင် နေထိုင်သူ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို ဘိုဘိုဝင်း အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks