spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမြန်မာနယ်စပ်ဘုရားသုံးဆူမှ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိလာသူ ၃၀ ကျော်ဖမ်းဆီးခံရ

    မြန်မာနယ်စပ်ဘုရားသုံးဆူမှ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိလာသူ ၃၀ ကျော်ဖမ်းဆီးခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃၁)

    ထိုင်းနိုင်ငံသို့အလုပ်လုပ်ကိုင်ရန် တရားမဝင်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၃၁ ဦးတို့ကို ပွဲစားများနှင့်အတူ စံခလပူရီမြို့နယ်၌ မေ ၂၉-၃၀ နေ့ရက်များတွင် ဖမ်းဆီးရမိခဲ့ကြောင်း စံခလပူရီ FM Radio သတင်းက ဖော်ပြသည်။

    ဘုရားသုံးဆူနှင့် စံခလပူရီအကြား စံခလယ်ကျေးရွာ၌ မေ ၂၉ ရက်နေ့ နံနက်ပိုင်းက တစ်ကြိမ်၊ စံခလပူရီမြို့နယ် ဂေါင်မွန်ထကျေးရွာတွင် မေ ၃၀ ရက် နံနက်ပိုင်းက တစ်ကြိမ်၊ မေ ၃၀ ရက် မွန်းလွဲပိုင်းက ထွန်ဖာဖွန်မြို့နယ်တွင် တစ်ကြိမ် ထိုင်းစစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနအဖွဲ့စုံလှည့်ကင်းတို့က လိုက်ပါပို့ဆောင်ပေးသူ ၃ ဦးတို့နှင့်အတူ ဖမ်းဆီးရမိသည်ဟု ဆိုသည်။

    အဖမ်းဆီးခံရသူများမှာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်ဒေသတို့မှ လာရောက်ခဲ့သူများဖြစ်ပြီး ထိုင်းနိုင်ငံ စမွတ်စခွန်၊ ရယောင်း၊ ကန်ချနပူရီနှင့် ဘန်ကောက်သို့ သွားရောက်နိုင်ရန် တစ်ဦးလျှင်ပို့ဆောင်ခ ဘတ်ငွေ ၂၀,၀၀၀ မှ ၃၀,၀၀၀ အကြား ပေးအပ်ခဲ့ရကြောင်း ရဲစစ်ချက်တွင် ထွက်ဆိုထားသည်။

    အလားတူ မြဝတီတဖက်ခြမ်းရှိ တာ့ခ်ခရိုင်နယ်စပ်တစ်လျောက်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ ကင်းလှည့်စစ်ဆေးများပြုလုပ်လျက်ရှိရာ မေလ ၂၇ ရက်က အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်ကို ဖမ်းဆီးမိခဲ့သည်။

    ထို့အတူ တနင်္သာရီတိုင်းတဖက်ခြမ်းရှိ ပရာကျွပ်ခီလီခမ်ခရိုင်တွင်လည်း နယ်စပ်ဖြတ်ကျော် တရားမဝင်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၈ ဦးအား မေလ ၂၈ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိကြောင်း ထိုင်းမီဒီယာတို့မှ ဖော်ပြခဲ့သည်။

                                     ဓါတ်ပုံ-NSTDA, Sangkhlaburi ၏သတင်းအဖွဲ့

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks