spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံတော်မှ လုံးဝခွဲထွက်မည်မဟုတ် မိမိကို မိမိတို့ စီမံအုပ်ချုပ်မည်ဟု UWSA ထုတ်ပြန်

    နိုင်ငံတော်မှ လုံးဝခွဲထွက်မည်မဟုတ် မိမိကို မိမိတို့ စီမံအုပ်ချုပ်မည်ဟု UWSA ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃၁)

    နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကလွှဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည် ဖြစ်ကြောင်း ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တောင်းဆိုခဲ့သည်။

    နစက ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ UWSA ၏ သဘောထားအား နစက ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

    “နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါ။ နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကလွှဲ၍ မိမိကို မိမိတို့ စီမံအုပ်ချုပ်သွားမည်။ အစိုးရနှင့် ချုပ်ဆိုထားသော “ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်”ကို ဆက်လက်လိုက်နာပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းသွားမည်” ဟု UWSA သဘောထားတွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အတူ UWSA မှ ပြည်ထောင်စု အစိုးရသို့ အဆိုပြတင်ပြခဲ့သော “နိုင်ငံရေးဆွေးနွေးမှု အထွေထွေမူဝါဒ” အရ အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော ‘ဝ’အမျိုးသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရန် တောင်းဆိုခဲ့သည်။

    အစိုးရနှင့် ဆွေးနွေးမှုအတွက် သဘောတူညီချက် မရရှိနိုင်ပါက လက်ရှိအနေအထားကို ဆက်ထိန်းသိမ်းရန်၊ နှစ်ဖက်ကြား ပဋိပက္ခများကို ရှောင်ရှားရန်နှင့် အနာဂတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေစေရန်အတွက် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းသွားရန် UWSA မှ တောင်းဆိုခဲ့သည်။

    UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ ၃၀ ရက်က နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေး ခဲ့ကြသည်။

    လက်ရှိတွင် နစက ကောင်စီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks