spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းနှင့်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

    ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌနိုင်အောင်မင်းနှင့်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၂)

    နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်သစ်ပါတီ (NMSP) ဒု-ဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုငိမြို့မှတဆင့် နေပြည်တော်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

    မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနှင့်အတူ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် နိုင်ဗညားလယ်(ပြည်တွင်ရေးရာဌာနတာဝန်ခံ) နှင့် နိုင်အောင်မငေး (ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ) တို့ ပါရှိကြောင်း သိရသည်။

    တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းချမ်းရေးတို့အတွက် မေလ ၂၃ ရက်တွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တို့အား နေပြည်တော်ရှိ Horizon Lake View Resort တွင်  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား/တိုင်းရင်းသူများက ကြိုဆိုခဲ့ကြသည်။

    တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်နှင့်လက် နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအားရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးရင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ဆွေးနွေးမှုတွေထပ်မံပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးဆီ တက်ရောက်ပေးကြပါ” ဟု ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

    Photo- ဒု-ဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိလာစဥ် (Popular News Journal)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks