Homeငြိမ်းချမ်းရေးမုဒုံမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် လူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

မုဒုံမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် လူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၂)

မုဒုံမြို့ မော်သံလမ်းရှိ ကောင်းထက်မိတ္တူဆိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် လူနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ (မေလ ၂၂ရက်) နေ့လည် ၂ နာရီ ၅၀ အချိန်ခန့်တွင် မိတ္တူဆိုင်သို့ အနီးကပ် ဗုံးပစ်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်မြင့် အပါအဝင် အခြားတစ်ဦး ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း ဆက်ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိသူ နှစ်ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မိတ္တူဆိုင်ပိုင်ရှင် ဦးအောင်မြင့်သည် အငြိမ်းစားကျောင်းဆရာ တစ်ဦး ဖြစ်သည့်အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၏ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု နှင့် ပတ်သတ်ပြီး မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း Mudon People Defence Force မှ ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နစက ကောင်စီကို သတင်းပေးနေသောကြောင့် နေအိမ်သို့ အနီးကပ် ဝင်ရောက်ကာ ‌ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts