spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်၍ သစ်ပင်ကျိုးကျ၊ နေအိမ်နှင့် ဆိုင်ခန်းတစ်ချို့ ထိခိုက်ပျက်စီး

    မွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်၍ သစ်ပင်ကျိုးကျ၊ နေအိမ်နှင့် ဆိုင်ခန်းတစ်ချို့ ထိခိုက်ပျက်စီး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၀)

    မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့တွင် ယနေ့ (မေလ ၂၀ရက်) နံနက်ပိုင်းက စတင်ပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တချို့နေရာများ သစ်ပင်ကျိုးကျ၍ နေအိမ်နှင့် ဆိုင်ခန်းတစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တွင် သစ်ပင်ကျိူးကျခြင်းကြောင့် လမ်းပိတ်ဆို့ခြင်း၊ လေပြင်းတိုင်ခတ်မှုကြောင့် နေအိမ်တစ်ချို့ အမိုးလန်ခြင်း၊ တံစမြိတ်များ ပြိုကျခြင်းများ ရှိကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

    “အများဆုံးကတော့ သစ်ပင်တွေလဲတာ ကမ်းနားလမ်းမှာဆို တော်တော်များတယ်။ ပြီးတော့ မြိုင်သာယာဘက်ပေါ့။ အခု‌ဆို သစ်ပင်ရှင်းလင်းရေးတွေ လုပ်ပေးနေတယ်။ တစ်ချို့သစ်ပင်တွေက အိမ်တွေပေါ်ပိတယ် အများကြီးမဟုတ်ပေမယ့် အိမ်အရှေ့ပိုင်းနဲ့ ဘေးဘက်တွေပေါ် ပိမိတာ”ဟု ၎င်းက ပြောသည်။

    မုဒုံမြိုနယ်အတွင်း၌လည်း ဓာတ်မီးတိုင်များ လဲပြိုခြင်းနှင့် ဓနိမိုးအိမ်များ လဲပြိုခြင်းများ ရှိနေကြောင်း သိရသည်။

    အလားတူ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကျန်းမာရေးဌာနဝင်းအတွင်းရှိ ကုက္ကိုပင်လဲကျပြီး နေအိမ်နှင့် ဆိုင်ခန်းအနည်းငယ် ပျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “လူထိခိုက်မှုတော့ မရှိဘူး။ သစ်ပင်က အမြစ်ကနေ ကျွတ်ပြီးလဲကျတာဆိုတော့ ဆိုင်ခန်းနဲ့ နေအိမ်တွေကိုတော့ ထိသွားတယ်”ဟု ၎င်းက ပြောသည်။

    ပေါင်မြို့နယ်အတွင်း၌လည်း  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ်တချို့ အမိုးများပျက်စီးခြင်း၊ ရန်ကုန် – မော်လမြိုင် အဝေးပြေးကားလမ်းမ တစ်လျှောက်တွင် သစ်ကိုင်းများ ကျိုးကျခြင်း၊ ဆိုင်းဘုတ်ပျက်ဆီးခြင်းများရှိကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ အစရှိသော မြို့နယ်များအတွင်း နေအိမ်များပျက်ဆီးခြင်း၊ အပင်များ လဲပြိုခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

    သက်ဆိုင်ရာမြို့နယ်များရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပရဟိတအရေးပေါ်လူမှုကူညီရေး အသင်းများ၊ ‌ပြည်သူများမှ လမ်းရှင်းလင်းရေးနှင့် ကူညီမှုများကို ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks