spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းဆရာ/မများကို မော်လမြိုင်မြို့တွင် ဆရာဖြစ်သင်တန်းပေး

    မွန်အမျိုးသားကျောင်းဆရာ/မများကို မော်လမြိုင်မြို့တွင် ဆရာဖြစ်သင်တန်းပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၉)

    မွန်အမျိုးသားကျောင်းမှ ဆရာ/မများအား ဆရာဖြစ်သင်တန်းကို မေလ (၁)ရက်မှ (၁၈)ရက်အထိ မော်လမြိုင်မြို့ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    မွန်အမျိုးသားပညာရေးဌာန တာဝန်ရှိသူတစ်ဦးက “ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်က ဒီသင်တန်းတတ်ရောက်နေကြတဲ့ ဆရာ/မ တွေကို သင်တန်းပို့ချပေးပြီးတော့ ဆရာသင်တန်း ဗဟိုအဆင့်၊ တတ်သစ်စ ကျောင်းဆရာအသစ်တွေကိုလည်း သင်းတန်း (၁) လ ပို့ချဖို့ရှိတယ်၊ မြို့နယ်အသီးသီးက သင်တန်းတွေကိုလည်း အခုတက်ရောက်လာကြတဲ့ ဆရာတွေပဲ တဆင့် ပြန်လည်ပို့ချပေးမယ်” ဟု ပြောသည်။

    အဆိုပါ သင်တန်းတွင် မွန်အမျိုးသားပညာရေးကျောင်းမှ ဆရာများ အရည်အချင်း မြှင့်တင်ခြင်းနှင့် သင်ကြားနည်းစနစ်အသစ်များကို လေ့လာနိုင်ရန် ဆရာဖြစ်သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ သင်တန်းကို မွန်ပြည်နယ်ရှိ မြို့နယ် အသီးသီးမှ ဆရာ/ဆရာမ ၂၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကစပြီး ဆရာသင်ကြားမှုနည်းစနစ်ကို သင်တန်းပို့ချခဲ့ပြီး လက်ရှိအချိန်ထိ ၂ နှစ် တစ်ကြိမ် သင်တန်းပို့ချခြင်းဖြစ်ကြောင်း သိရသည်။

    မွန်အမျိုးသားပညာရေးနှင့် ကိုက်ညီမှုရှိစေရန်အတွက် ရည်ရွယ်ပြီး မော်ကျူး (၈) ခေါင်းစဉ်နှင့် ပို့ချသင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးကော်မတီတွင် ကျောင်းဆရာ/မ (၈၀၀) ဦးကျော် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks