spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ မီတာမဆောင်သည့် အိမ်များ မီးဖြတ်

    ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ မီတာမဆောင်သည့် အိမ်များ မီးဖြတ်

    -

    ‌မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၈)

    မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့ပေါ် ရပ်ကွက်တစ်ချို့နှင့် ကျိုက်ထိုမြို့နယ် ရပ်ကွက်၊ ကျေးရွာများမှ မီတာခ မပေးဆောင်ထားသည့် နေအိမ်များကို မီးဖြတ်ကြောင်း ဒေသခံများထံက သိရသည်။

    မီတာခ တစ်နှစ်ကျော်အထိ မပေးဆောင်ဘဲ နေသည့် နေအိမ်များကို အဓိက မီးဖြတ်ခြင်း ဖြစ်ကြောင်း ဘီးလင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

    “တစ်နှစ်ကျော်ထိ တစ်ခါမှ မပေးတဲ့ အိမ်တွေကို ဖြတ်တာလို့ သိတယ်။ နိုင်သလောက်ပေါ့။ တစ်နှစ်စာ မနိုင်လို့ သုံးလစာပဲ သွင်းထားတဲ့ အိမ်တွေဆို မဖြတ်ဘူး။ အခုအဖြတ်ခံရတာ လုံးဝမသွင်းတဲ့ အိမ်တွေ”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် ဘီးလင်းမြို့နယ်အတွင်းက နေအိမ်တစ်ချို့ကို မီးဖြတ်ခြင်းများ လုပ်ဆောင်လာကြောင်း ဆက်ပြောသည်။

    အလားတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကော့ထင်း၊ ကျိုက်ကသာ ၊ မုက္ခမူ၊ မလော့ချောင်နှင့် ဘိုရားကြီး စသည့် ကျေးရွာများတွင်လည်း လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

    “ကျိုက်ထိုမှာတော့ မဖြတ်သေးဘူး။ ဈေးသွားရောင်းတော့မှသိတာ အဲဘက်မှာ မီးတွေ ဖြတ်ထားတယ်ဆိုတာ။ မီတာခလည်း လာမကောက်ဘဲနဲ့ မီတာခ မဆောင်လို့ မီးဖြတ်တာလို့ ပြောတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် မေလ ၁၄ ရက်က စတင်ပြီး အဆိုပါ ကျေးရွာများကို မီးဖြတ်တောက်မှု လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း မီတာခ မပေးဆောင်သည့် နေအိမ် ၊ ရပ်ကွက်၊ ကျေးရွာများကို မီးဖြတ်တောက်ခြင်းများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။

    လျှပ်စစ်မီးများကို တစ်လှည့်ကျစနစ်ဖြင့် မေလ အထိ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း နစက ကောင်စီက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks