-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၇)

မွန်ပြည်နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှု၏ နောက်ဆက်တွဲ စီးပွား‌ရေးအကျပ်အတည်းများကြောင့် မသန်စွမ်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာကြောင်း မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူများထံက သိရသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ဝန်ထမ်းလျှော့ချခြင်း၊ အလုပ်ရပ်နားခြင်းများ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း မသန်စွမ်းအရေး ကူညီနေသူ တစ်ဦးက ပြောသည်။

“ အခြေခံ စားဝတ်နေရေးက အရမ်းကို လိုအပ်နေတာပေါ့။ ဝင်ငွေမရှိဘူး။ အလုပ်အကိုင် အကိုင်မရှိဘူး။ အလုပ်ရဖို့လည်း အခွင့်အလမ်း အရမ်းနည်းတယ်။ အဲပြသာနာကြောင့် အခြေခံစားဝတ်နေရေးက အရမ်းများတယ်”ဟု ၎င်းက ပြောသည်။

အလုပ်ရပ်နားခံလိုက်ရသော မသန်စွမ်းများအတွက် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း၊ မသန်စွမ်းအမျိုးသားများထက် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုနည်းကြောင်း ဆက်ပြောသည်။

စားဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေရရှိမည့် အလုပ် မရှိသောကြောင့် ရသည့်အလုပ်ကိုသာ ဝင်ရောက်လုပ်ကိုင်ရကြောင်း မော်လမြိုင်၊ သာယာအေးရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

“ကူညီဖို့တော့ မပြောချင်တော့ဘူး။ စားဖို့ နေဖို့က ပိုအရေးကြီးတာပေါ့။ ‌ပုံမှန်လေး စားရဖို့ပဲ ရတာလေးကို ရသလိုလုပ် တစ်ရက် တစ်ထောင် နှစ်ထောင်ရဖို့လည်း မလွယ်ဘူးလေ”ဟု ၎င်းက ပြောသည်။

မသန်စွမ်းများကို အလုပ်အကိုင်ပေးရန် ကြန့်ကြာမှုများ ရှိခဲ့သော်လည်း ဝန်ထမ်းအင်အားလျှော့ချမည်ဆိုပါက မသန်စွမ်းများသာ အဓိက အလုပ်ရပ်နားခံရကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – U Myat Thu Win’s Facebook

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts