spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ထွက် မင်းဂွတ်သီး အရောင်းသွက်

    မွန်ပြည်နယ်ထွက် မင်းဂွတ်သီး အရောင်းသွက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၇)

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၇)

    မွန်ပြည်နယ်မှ ထွက်ရှိသော မင်းဂွတ်သီးများ ယခုနှစ်တွင် ဈေးကောင်းရကာ အရောင်းသွက်နေကြောင်း မင်းဂွတ်သီး ရောင်းဝယ်နေသူများထံက သိရသည်။

    မင်းဂွတ်သီး ထွက်ရှိသော မေလအစမှာပင် ဈေးကောင်းရရှိကာ ကြိုတင်မှာယူမှုလည်း များနေကြောင်း ပေါင်မြို့နယ်မှ မင်းဂွတ်သီးနှင့် ဒူးရင်းသီး ရောင်းချနေသူ တစ်ဦးက ပြောသည်။

    “အော်ဒါတွေကတော့ ဆက်တိုက်တက်တယ်။ ဈေးလည်းကောင်းတယ်။ အဝယ်လည်းများတယ်။ ဆက်တိုက်ပဲ ပို့ပေးနေရတယ်”ဟု ၎င်းက ပြောသည်။

    ရန်ကုန်၊ မန္တလေးနှင့် မြဝတီမြို့များအထိ မင်းဂွတ်သီးများကို တင်ပို့ပေးနေရကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင် မင်းဂွတ်သီး အလုံးကြီး တစ်လုံးလျှင် ၃၅၀ ကျပ်၊ အလတ်တစ်လုံး ၂၅၀ ကျပ်၊ ၂၀၀ ကျပ်နှင့် အသေးတစ်လုံးလျှင် ၁၅၀ ကျပ်၊ ၁၀၀ ကျပ် ဖြင့် ရောင်းချနေကြောင်း သိရသည်။

    မင်းဂွတ်ပင် စိုက်ပျိုးခြင်းသည် ဆုံးရှုံးမှု နည်းပြီး အမြတ်ရသော သီးပင် ဖြစ်ကြောင်း မော်လမြိုင်မှ မင်းဂွတ်သီး စိုက်ပျိူးသူ တစ်ဦးက ပြောသည်။

    “မင်းဂွတ်ကျတော့ အချိန်အရမ်းပေးစရာမလိုဘဲ အသီးမြန်တယ်။ ပြီးတော့ ပိုးအန္တရာယ်လည်း မရှိတော့ အသီးကောင်းရတယ်။ အရမ်းဂရုစိုက်စရာမလိုတဲ့ အပင်မျိုး ရေမှန်ရင်ရပြီ။ ဒီနှစ်ကတော့ ထွက်တာနဲ့ကို ဈေးကောင်းရတာပေါ့”ဟု ၎င်းက ပြောသည်။

    ယခုနှစ်တွင် မင်းဂွတ်သီး အထွက်နှုန်းလည်း ယခင်နှစ်ထက်ကို ပိုများကြောင်း ၎င်းက ဆက်ပြောသည်။

    မင်းဂွတ်သီးကို မွန်ပြည်နယ်အတွင်း ၁၀ မြို့နယ်လုံးတွင် စိုက်ပျိုးလေ့ရှိပြီး ပြည်နယ်နှင့် တိုင်းအသီးသီးသို့ နှစ်စဉ် တင်ပို့ ရောင်းချလေ့ရှိကြောင်း၊ ပြည်နယ်အတွင်း မင်းဂွတ်သီး စိုက်ပျိုးသည့် ဧက ၆ooo ကျော် ရှိကြောင်း သိရသည်။

    မင်းဂွတ်သီး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks