spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း၏ သားဖြစ်သူ ဖမ်းဆီးခံရ

    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း၏ သားဖြစ်သူ ဖမ်းဆီးခံရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂၊ မေ ၁၃)

    မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဒေါ်တင်အိ၏ သားဖြစ်သူ ကိုသဲဟိန်းကို မေလ ၁၁ရက်နေ့တွင် စစ်တပ်ကဖမ်းဆီးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းမှ သိရသည်။

    ကိုသဲဟိန်းကို သံဖြူဇရပ်မြို့ရှိ နေအိမ်သို့လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများကဆိုသည်။

    ရှေ့နေတစ်ဦးဖြစ်သည့် ကိုသဲဟိန်းသည် ယခင်က ကမ်ပိန်းအချို့တွင်ပါဝင်ဖူးသည့်အတွက်အာဏာပိုင်များကစောင့်ကြည့်နေကြောင်း နီးစပ်သူတစ်ဦးကဆိုသည်။

    “သူ့ကို အရင်ကတည်းက စောင့်ကြည့်နေကြတာ။ အရင်ကဖဲကြိုးဝါကမ်းပိန်းတွေ ဘာတွေလဲပါဖူးတော့လေ။ အခုကသူ့ကို PDFထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာ”ဟု ကိုသဲဟိန်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    ရှေ့နေကိုသဲဟိန်းအဖမ်းခံရသည့်ဖြစ်စဥ်အား သံဖြူဇရပ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရဲစခန်းကပင် မသိကြောင်း ဖြေကြားခဲ့သည်။

    လက်ရှိတွင် ကိုသဲဟိန်းနှင့်မိသားစုအဆက်အသွယ်ပြတ်နေပြီး သံဖြူဇရပ်ရှိ စစ်ကြောရေးတွင်ဖမ်းဆီးထားသည်ဟု ကနဦးသိထားကြောင်း မိသားစုနှင့်နီးစပ်သူက ဆိုသည်။

    အလားတူ The Voice of Thanbyuzayat သတင်းဌာနတည်ထောင်သူ ဦးပိုင်ထူး ဧပြီ ၁၀ ရက်က ဖမ်းဆီးခံရ၍ ပုဒ်မ ၅၀၅ (က) တရားစွဲဆိုခံရပြီး ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်း ခံရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks