Homeသတင်းသထုံမြို့နယ်တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူသုံးဦး ကျည်ထိမှန်၊ နှစ်ဦးသေဆုံး

သထုံမြို့နယ်တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူသုံးဦး ကျည်ထိမှန်၊ နှစ်ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၂)

မွန်ပြည်နယ်၊ သထုံမြို့နယ် ဝီယော်ကျေးရွာအနီး လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် ရော်ဘာအစေးခြစ် အလုပ်သမား သုံးဦး ကျည်ထိမှန်ခဲ့ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်တပ်ဘက်မှ မေလ ၁၁ ရက်က ဝီယော်‌ကျေးရွာအနီးတွင် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များ ရော်ဘာခြံအတွင်း ကျရောက်ခဲ့ပြီး ရော်ဘာလာခြစ်သော အလုပ်သမား သုံးဦးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ကြောင့် ဇနီးဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူက သထုံမြို့နယ် ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ထိတာက သုံးယောက် သူတို့လင်မယားနှစ်ယောက်မှာ မိန်းမကတော့ နေရာမှာ ပွဲချင်းပြီးပဲ။ ယောင်္ကျားဖြစ်သူကတော့ ဆေးရုံရောက်တယ်။ ရောက်ပြီးမှ သေတာ။ ကျန်တဲ့တစ်ယောက်က အသက်မသေခဲ့ဘူး”ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်သူ သုံးဦးအနက် သေဆုံးခဲ့သည် လင်မယားနှစ်ဦးမှာ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် ဦးချစ်ပိုနှင့် အသက် ၄၉ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်သဇင်လှိုင်တို့ ဖြစ်ကြောင်း သိရသည်။

ရော်ဘာခြံအလုပ်သမား တစ်ဦးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာများသာ ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် လင်မယား ၂ ဦးတွင် သားသမီး ၃ ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts