spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မှာ ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၂၀ အထက်တွင် ရှိနေ

    ရေးမြို့နယ်မှာ ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၂၀ အထက်တွင် ရှိနေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၁)

    မြန်မာနိုင်ငံမှာ ဒေါ်လာစျေးနှုန်း အတတ်အကျရှိနေခြင်းကြောင့် ရေးမြို့နယ်မှာ ရွှေးစျေးနှုန်းမှာလည်း ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၂၀၅၀၀၀၀ အထိ ပေါက်စျေးရှိခဲ့ကြောင်း ရေးမြို့နယ် ရွှေရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

    “ကျမတို့ ရေးမြို့နယ်မှာ ဒီမတ်လ တစ်ပတ်အတွင်းမှာတော့ ရွှေစျေး သိန်း ၂၀၄၅၀၀၀၀၊  ၂၀၃၈၀၀၀ကျပ်နဲ့ သိန်း ၂၀၅၀၀၀၀ ကြားမှာပဲ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရေးမြို့နယ်မှာ ရွှေစျေးနှုန်း တစ်ကျပ်သား ၂၁ သိန်းကြားအထိ စျေးတတ်ခဲ့ကြောင်း သိရသည်။

    လက်ရှိ ပြည်တွင်းတွင် စီးပွားရေး အကျပ်အတည်းကြောင့် ရွှေဝယ်ယူမှုနည်းပါးပြီး ရွှေရောင်းချသူ ပို၍ များပြားနေကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်နေသူက ပြောသည်။

    ” ဒီနှစ်နဲ့ မနှစ်က ရောင်းရတာ တော်တော်ကွာတယ် ဒီနှစ်က ရွှေဝယ်သူမရှိ၊ ရွှေရောင်းသူနဲ့ ပေါင်းသူပဲရှိတော့ ကျမတို့ အခက်ခဲနဲ့ ကြုံရတယ်” ဟု ၎င်းက ပြောသည်။

    ယနေ့ (မေ ၁၁ ရက်) ပြည်တွင်းတွင် (ရန်ကုန်) ရွှေဈေးနှုန်း တစ်ကျပ်သား ၁၉၅၉၅၀၀ ကျပ် ရှိကြောင်း YGEA ထုတ်ပြန်ချက်အရ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် ရွှေစျေး တစ်ကျပ်ကို   ၂၂ သိန်း အထိ စျေးတတ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks